တင်ပြပေးခြင်ပါသည်။ (၁) မှ (၁၀) အထိ တင်ပြပေးပြီး ကမ္ဘာ့အရှည်ဆုံးစာရင်း
Top 20 ထဲ ပါဝင်သော မြန်မာနိုင်ငံ အကြောင်းကိုပါ ရှာဖွေတင်ပြပေးပါမည်။
(၁) Canada – United States

ကမ္ဘာ့အကြီးဆုံး စာရင်းဝင် နိုင်ငံ နှစ်ခုကြားမှာ တည်ရှိသော ဒီနှစ်နိုင်ငံ၏နယ်နိမိတ်ထိစပ်မှု
စုစုပေါင်းမှာ 8,893 km (5,525 မိုင်) ရှိပါသည်။ ထို့ကြောင်ပင် ကမ္ဘာအရှည်ဆုံး
နှစ်နိုင်ငံကြား နယ်နိမိတ်ဟု မှတ်တမ်းတင်ထားကြပါသည်။

(၂) Russia – Kazakhstan

ဒုတိယအရှည်ဆုံး နေရာကတော့ ရုရှားနှင့် ကာဇက်စတန် ကြားမှာ ဖြစ်ပါသည်။
6,846 km (4,254 မိုင်) အထိ ရှိပါသည်။ ကမ္ဘာ့အကြီးဆုံး နိုင်ငံဖြစ်သည့် ရုရှနိုင်ငံသည်
အခြားနိုင်ငံပေါင်းများစွာ နှင့်ပါ နယ်နိမိတ်ချင်းထိစပ်နေပါသည်။
(၃) Argentina – Chile

5,300 km (3,293 မိုင်) အထိနယ်နိမိတ်ထိစပ်နေကြပါသည်။
ချီလီနိုင်ငံ၏အကျယ်အ၀န်းသည် အာဂျင်တီနားနိုင်ငံ၏ ၄ ပုံ ၁ပုံ ပဲတည်ရှိပါသည်။သို့သော်
ချီလီနိုင်ငံသည် ကမ်းရိုးတမ်းတစ်လျှောက်လုံးကို ကပ်လျှက် တည်ရှိနေသဖြင့်
အာဂျင်တီးနားနိုင်ငံနှင့် ထိုကဲ့သို့ ရှည်လျားသော နယ်နိမိတ် ဖြစ်တည်နေခြင်းဖြစ်ပါသည်။

(၄) China – Mongolia

ကမ္ဘာ့အရှည်ဆုံးနံပါတ်လေးအဖြစ် တည်ရှိနေတာကတော့ တရုတ်နိုင်ငံ နှင့် မွန်ဂိုလီးယား
နိုင်ငံတို့ အကြားမှာတည်ရှိပါသည်။ 4,677 km (2,906 မိုင်) အထိ ထိစပ်နေပါသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး နယ်နိမိတ်စုစုပေါင်း
22,147 km (13,761 မိုင်) အထိရှိပါသည်။ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် ထိစပ်နေပါသည်။

(၅) India – Bangladesh

4,053 km (2,518 မိုင်) အထိရှည်ပါသည်။
(၆) Russia – China

ကမ္ဘာ့အကြီးဆုံးနိုင်ငံ ပထမနှင့် တတိယ တို့အကြားဆက်စပ်နေသော နယ်နိမိတ်သည်
3,645 km (2,265 မိုင်)ရှိပြီး နံပါတ် ၆ သာ ရပါသည်။
(၇) Russia – Mongolia

ရုရှ နှင့် မွန်ဂိုလီယား အကြားမှာတည်ရှိပါသည်။ 3,543 km (2,201 မိုင်) ရှည်ပါသည်။
(၈) Brazil – Bolivia

တောင်အမေရိကတိုက်၏ နိုင်ငံတွေဖြစ်သည့် ဘရာဇီးနှင့် ဘိုလီးဗီးယား နိုင်ငံ
တို့အကြားတွင် 3,400 km (2,112 မိုင်) အထိ ထိစပ်နေပြီး ကမ္ဘာ့အရှည်ဆုံး နံပါတ် ၈ ဖြစ်ပါသည်။
(၉) China – India

3,380 km (2,100 မိုင်) အထိ ထိစပ်နေပြီး နှစ်နိုင်ငံ ကြား အငြင်းပွားနေသော
နယ်နိမိတ်များလည်းတည်ရှိနေပါသည်။ တိကျသော နယ်နိမိတ်သတ်မှတ်မှုများ
မရှိသေးသည့် နေရာများစွာပါဝင်နေပါသည်။
Top 10 ထဲတွင် အာရှမှ နိုင်ငံများ ၆ နေရာအထိရှိနေပါသည်။
(၁၀) United States – Mexico

အမေရိကန်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံ ကြားတွင် 3,141 km (1,951 မိုင်) အထိရှည်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း တရုတ်နိုင်ငံ နှင့် ထိစပ်နေသော နယ်နိမိတ်အရှည်သည်
2.185 KM အထိရှိပြီး ကမ္ဘာ့အရှည်ဆုံး နှစ်နိုင်ငံကြားနယ်နိမိတ်စာရင်းတွင် နံပါတ် (၁၈) ဖြစ်ပါသည်။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ပါစေ..........နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။