
သဘာဝအတိုင်းဖြစ်တည်နေသော သက်တန့်ရောင် တောင်တန်းများကို
တရုတ်နိုင်ငံ ဂန်ဆူပြည်နယ်တွင် တွေ့ရှိရပါသည်။ ထိုတောင်ထွတ်များတည်ရှိရာ
ဒေသသည် ရှန်ဟိုင်းမြို့မှအနောက်ဘက် မိုင် ၆၀၀ ကျော်အကွာအဝေးတွင်
တည်ရှိပါသည်။

ထိုတောင်သည် အရောင် တစ်မျိုးတည်းရှိနေခြင်းမဟုတ်ပဲ အနီရောင် ၊
အ၀ါရောင် ၊ အဖြူရောင် ၊ လိမ္မော်ရောင်နှင့် အပြာရောင် စသည့် အရောင်စုံ
ကျောက်တောင်များအဖြစ် သဘာဝအတိုင်းတည်ရှိနေပါသည်။

အရောင်တစ်ရောင်စီ အလွှာများထပ်နေပါသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း
၂၄ သန်း ခန့်ကတည်းက သဘာဝဖြစ်စဉ်များကြောင့် မတူညီသော ကျောက်လွှာများ
ဖြစ်တည်နေကြခြင်းဖြစ်ပါသည်။သဲကျောက်အမျိုးအစား ကျောက်လွှာ မူကွဲများသည်
ရေ ၊ လေ တိုက်စားခြင်းနှင့် မြေလွှာများ ပြောင်းလဲလာခြင်းကြောင့် သည်ကဲ့သို့
ပုံစံထူးခြားစွာ ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်ပါသည်။

Alice in Wonder Land ဇာတ်ကားထဲမှ သက်တန့်တောင်ကဲ့သို့ စိတ်ကူးယဉ်ဆန်စွာ၊
လှပစွာ ဖြစ်တည်နေသော နေရာတစ်ခုပင်ဖြစ်ပါသည်။






ဒါကတော့ ကောင်းကင် မှမြင်ရပုံပါ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။