Wednesday, April 27, 2016

မသန်စွမ်းတဲ့သခင်ကို (၁၃)နှစ်တိုင်တိုင် စောင့်ရှောက်ပေးခဲ့ကြတဲ့ ခွေးနှစ်ကောင်

capture dog
တရုတ်ပြည်နယ် အရှေ့ပိုင်း Zhejiang ပြည်နယ်၊ Longyou က သစ္စာရှိတဲ့ ခွေးနှစ်ကောင်ဟာ မသန်စွမ်းတဲ့ သူတို့သခင်ကို ၁၃ နှစ်လုံးလုံး အဖော်အဖြစ် လိုက်ပါစောင့်ရှောက်ပေးခဲ့ကြပါတယ်။
အသက် ၄၇ နှစ်ရှိ Fang Jianguo ဆိုသူမှာ သူ့အသက် ၂၃ အရွယ်တုန်းက အလုပ်လုပ်နေစဉ် မတော်တဆဖြစ်မှု တစ်ခုကြောင့် လေဖြတ်သွားခဲ့ပါတယ်။ ယင်းမတော်တဆဖြစ်မှုက သူ့ဘဝကို ဘီးတပ်ကုလားထိုင်ပေါ် ရောက်သွားစေခဲ့ပါတယ်။ ခွန်းမင်း ဝံပုလွေခွေးနှစ်ကောင် မွေးစားကာ သူ့အား ဈေးဝယ်စင်တာကစ ဆေးရုံအထိပါ နေရာစုံလိုက်ပို့ ပေးနိုင်ဖို့ Fang က သူတို့ကို လေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ သန်မာဖျတ်လတ်တဲ့ ယင်းခွေးနှစ်ကောင်ဟာ Fang ရဲ့ ခြေနှစ်ချောင်း ဖြစ်လို့လာခဲ့တယ်။
ယင်းအိမ်မွေးတိရိစ္ဆာန် နှစ်ကောင်နဲ့အတူ Fang ဟာ အများနဲ့မတူညီတဲ့ ဘ၀တစ်ခုကို ဖြတ်သန်းလာနိုင်ခဲ့ပါ တယ်။ သူက သာမန်အစားအသောက်ကိုသာ စားနေစေကာမူ ယင်းခွေးနှစ်ကောင်အတွက် ကောင်းမွန်တဲ့ အစားအစာများ အမြဲချန်ထားပေးကာ ကျွေးမွေးလေ့ရှိပါတယ်။ သူ့ခွေးနှစ်ကောင်နဲ့အတူ Fang က Longyou မှာ အများတကာနဲ့ ရင်ဘောင်တန်း နေထိုင်သွားလာနိုင်ခဲ့ပါတယ်။
Ref:chinadaily.com.cn
credit : Trend Myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...