
ဆားဘီးယားနိုင်ငံမှ Bojana Danilovic ဆိုသူအမျိုးသမီးတစ်ယောက်သည် အရာဝတ္ထုများကို
ပြောင်းပြန်အနေအထား ဖြင့်သာ မြင်နိုင်ခဲ့ပါသည်။သူမ၏ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတစ်ခုကြောင့်
ထိုကဲ့သို့ အဆန်းတကြယ် အဖြစ်ကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါသည်။

Bojana Danilovic သည် Spatial orien-tation phenomenon ဟုခေါ်သော ဦးနှောက်ပိုင်း ဆိုင်ရာရောဂါ ခံစားနေရကြောင်း အမေရိကန် ပြည်ထောင်စုရှိ ဟားဗက် တက္ကသိုလ်နှင့် မက်ဆာချူးဆက် ပြည်နယ် နည်းပညာ တက္ကသိုလ်မှ အာရုံကြောဆိုင်ရာ ကျွမ်းကျင်ပညာရှင် များက ပြောကြားသည်။
သူမ၏ မျက်လုံးသည် ပုံရိပ်များကို အတည့်အတိုင်း မြင်ရသော်လည်း ၎င်း၏ ဦးနှောက်က ပုံရိပ်များကို ပြောင်းပြန် အနေအထား မြင်ရအောင် ပြောင်းလဲပေးကြောင်း အာရုံကြော ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ က ပြောကြားသည်။
သို့သော်လည်း အာရုံကြောဆိုင်ရာ ပညာရှင်များက သူမ၏ ရောဂါသည် မည်သည့် အတွက်ကြောင့် ဖြစ်ပွားရကြောင်း သေချာစွာ မသိရှိသော်လည်း ဦးနှောက်အတွင်း ချို့ယွင်းမှုကြောင့် ဖြစ်ပွား ရခြင်း ဖြစ်သည်ဟု ပြောကြားကြပါသည်။

သူမသည် သတင်းစာ နှင့် စာအုပ်များဖတ်ရာတွင် အထက်အောက်ပြောင်းပြန် အနေအထားဖြင့်
ဖတ်မှ အတည့်အတိုင်း မြင်ရပါသည်။ အိမ်တွင် TV ကြည့်လျှင်ပင် အခြားသူများနှင့် မတူ
ပြောင်းပြန်ကြည့်မှ အတည့်အတိုင်းမြင်ရပါသည်။

သူမ သည် ကောင်စီ အလုပ်သမား တစ်ဦးဖြစ်ပါသည်။
သူမ အလုပ်လုပ်ကိုင်ရာ ဘာဘီအာရှိ ယူဇိုက်မြို့တော် ခန်းမ၌ သူမအတွက် ပြောင်းပြန် ပုံစံများကို တရားဝင်ထား ပေးထားကြောင်း သိရသည်။

သူမသည် အထူး ပြုလုပ်ထားသော ကွန်ပျူတာ ဖန်သားပြင် ပြောင်းပြန်ပုံစံနှင့် Keyboard ပြောင်းပြန် ပုံစံကိုသာ အသုံးပြုရသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။