တရားဓမ္မနှင့် ထာဝရ ဘုရားတို့ကို ကိုးကွယ်သော ဘာသာဖြစ်သည် ။ ကာမီနိုမီကျီ ဟာ၍ လည်းကောင်း
လောကုတ္တရာလမ်းဟူ၍ လည်းကောင်း ခေါ်သည့် ရှင်တိုဘာသာသည် ရှေးခေတ် ဂျပန်တို့၏ ဘာသာတရား တစ်ခုဖြစ်သည် ။

ထိုရှင်တိုဘာသာဝင်များ၏ ဘာသာရေးအခမ်းအနားတစ်ခု မှာအေးမြလှသော
ရာသီဥတု ရှိသည့်အချိန်တွင် ရေထဲဆင်းပြီး ရေခဲတုံးကြီးများကို အားရပါးရ ဖက်ထားကြလေ့ရှိပါသည်။

ပွဲတော်ကျင်းပချိန်ရောက်တိုင်း ရှင်တိုဘာသာဝင် ၁၀၀ ကျော်လောက်သည် တိုကျိုမြို့
ရှိ ဘုရားကျောင်းတစ်ခု တွင် ရေထဲဆင်း၍ ရေခဲတုံးများကို ဖက်ထားလေ့ရှိကြပါသည်။

ထိုသို့လုပ်ဆောင်ပါက စိတ်ဝိညာဉ် သန့်ရှင်းစင်ကြယ်စေခြင်း ၊ ကောင်းကျိုးများရစေခြင်း လို့
ယုံကြည်လုပ်ဆောင်ကြခြင်း ဖြစ်ပါသည်။


ခိုက်ခိုက်တုန်အောင် ချမ်းနေကြချိန်တွင် အင်္ကျီချွတ်ပြီး ရေခဲဆင်းကာ ရေခဲတုံးကို ဖက်ထားရခြင်း
သည် တွေးကြည့်ယုံနှင့်ပင် ကြက်သီးထစရာပါ။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ပါစေ.................... နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။