Thursday, June 23, 2016

ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁ )

အသက်ရှင်ခွင့်ကို ငြင်းပယ်ခဲ့သည့် သူခိုး
http://i.imgsafe.org/c238d47e32.jpg
ကျွန်တော်တို့ ၏ ဘဝဇာတ်ခုံ ကြီးပေါ်တွင် သမိုင်းအဆက်ဆက် ဖြတ်သန်းနေထိုင်ခဲ့ကြသော
လူသားများ၏အဖြစ်အပျက်များစွာ ထဲမှ ဖြစ်ရပ်ဆန်း ၊ လုပ်ရပ်ဆန်းများ များစွာရှိခဲ့ကြပါသည်။
ထိုအထဲမှ နားလည်ရခက်တဲ့ အဖြစ်အပျက်အချို့  ကို တင်ပြချင်ပါသည်။

( ၁၂၃၄ ) ခုနှစ်က ပြင်သစ်နိုင်ငံ ဟော့တ်ဗီလီယား တွင် ဂျင်းပိုကီယွန် ဆိုသူသည် သူခိုးအဖြစ်
နာမည်ကြီးသူတစ်ယောက်ပါ။ အမြဲတန်း ခိုးဝှတ်တက်သော သူ့ အား ထိုခေတ်က ဥပဒေ အရ
သေဒဏ်ပေးခဲ့ပါသည်။ခိုးတဲ့အပြစ်အတွက်နဲ့သေဒဏ်ဆိုတော့ ကြောက်စရာပဲနော်။
အဲဒီအချိန်လောက်က ဒီဒေသတွေမှာ သူခိုးတွေ နှင့် စုန်းဟု စွပ်စွဲ ခံရသူတွေဟာ သေဒဏ်ပေးခံရ
တာများပါသည်။
ဒါပေမယ့် ဂျင်း အတွက်ကံကောင်းစေမှု တစ်ခုရှိပါတယ်။ ဒါကတော့ တကယ်လို့ အပျိုစင်တစ်
ယောက်ကသာ ဂျင်းကိုလိုလားနှစ်သက်ပြီး လက်ထပ်မယ်ဆိုလျှင် သေခြင်းမှလွတ်ကင်းရစေ
မယ်လို့ သက်ညှာပေးခဲ့ကြပါသည်။
ထိုအချိန်တွင် ရိုးသားပြီး သာမန်ရွက်ကြမ်းရေကြို ရုပ်ရည် ရှိသည့် မိဘမဲ့အမျိုးသမီးတစ်ယောက်က
သူယူပါမယ်ဟု ဆိုလာပါသည်။ဂျင်းအတွက်ကံကောင်းမှု တစ်ခု ဖြစ်ပေါ်လာပါပြီ။
ဒါပေမယ့်
ဂျင်း ကတော့ ထိုအမျိုးသမီးကို တစ်ချက်လောက် လှမ်းကြည့် ပြီးခေါင်းခါကာ ပြောလိုက်တာက
''ဟင့်အင်း ...ကျုပ် ကတော့ ကြိုးစင်နဲ့ပဲလက်ထပ်ချင်တယ်။ ဒေါက်ဖြုတ်ရမယ့် သူရေ မြန်မြန်သာ
ဒေါက်ဖြုတ်ပြီး အဆုံးစီရင်ပါတော့ဗျို့   ''  တဲ့။
ဒါနဲ့ပဲ ဂျင်းကို အချိန်မဆိုင်းပဲ ကြိုးပေး သတ်လိုက် ရပါတော့သည်။ ရိန်း မြို့ မှာဖြစ်ပျက်ခဲ့တာပါ။

ဂျင်းဟာ သူအသက်ရှင်ဖို့ အတွက် ရိုးသားတဲ့ မိန်းကလေးကို ဒုက္ခမပေး ချင်လို့ များလား။
ဒါမှမဟုတ် သေရမှာထက် အသက်ရှင်ပြီး သားကျွေးမှု ။ မယားကျွေးမှု တွေကို ပိုကြောက်မိ
လို့ များလား ။နောက်ဆုံးဗျာ ထိုမိန်ကလေး က အတော်ရုပ်ဆိုးနေလို့ များလားဟု တွေးမိပါသည်။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ သူသာအသက်ရှင်ချင်တယ် ဆိုရင် ရုပ်ဆိုးယုံမက ။ ကြိုးကန်းနေရင်တောင်
ယူရမှာပေါ့။ ပြီးတော့ ဟိုကအပျို ။ သူက သူခိုး ။
လောကကြီးကို စိတ်ကုန်နေတယ် ဆိုရအောင်လည်း ခက်သား။
ထို့ ကြောင့် မည်သို့ စိတ်ကူးဖြင့် သေးခြင်းတရား ကို ရွေချယ်သွားသည် ဆိုသည်မှာ ဂျင်းပိုကီယွန်
မှတစ်ပါး မည်သူမှသိနိုင်မည် မထင်ပါ……

ဘဝဇာတ်ခုံ မှဒီ ပြကွက်ဆန်းကတော့ '' သတ်ရင်သတ်ပစ်လိုက် ။ မိန်းမတော့ မယူဘူးလို့ ''
ဆိုရမှာပါပဲနော်………
3/9/2013 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြ ပါသည်။

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ........... နေခရမ်း
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...