Friday, June 3, 2016

ထူးဆန်းတဲ့ ငါးတစ်မျိုးကို ဖူကူရှီးမားဓာတ်ပေါင်းဖိုအနီးမှာ ဂျပန်ငါးဖမ်းသမားတစ်ဦး ဖမ်းမိ

unnamed 178
 ဂျပန်လူမျိုး ငါးဖမ်းသမားတစ်ယောက်ဟာ ဖူကူရှီးမားနျူကလီးယား ဓာတ်ပေါင်းဖိုအနီးမှာ အလွန် ထူးဆန်းတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။
ကလေးငယ်တစ်ယောက်ကို အသာအယာမြိုချလို့ ရတဲ့ ပါးစပ်ကြီးနဲ့ အဆိုပါငါးဟာ wolffish ၀ံပုလွေငါး လို့ မှတ်ထင်ရပြီး Hirasaka Hiroshi ဆိုသူ ငါးဖမ်းသမားတစ်ယောက်က ဖမ်းမိခဲ့တာဖြစ်ပါတယ်။ Hirasaka Hiroshi ဟာ ထူးဆန်းတဲ့ သတ္တ၀ါတွေကို ဂျပန်နိုင်ငံအပြင် ကမ္ဘာပတ်ကာ ဖမ်းဆီးစားသောက်ရတာကို ၀ါသနာပါသူတစ်ဦးဖြစ်ပါတယ်။
အဆိုပါ ၀ံပုလွေငါးကို ရုရှားကမ်းရိုးတန်းအနီးက ဂျပန်နိုင်ငံ၊ Hokkaido ကျွန်း ရေပိုင်နက်ထဲမှာ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ဝံပုလွေငါးတွေ ဟာ အများအားဖြင့် ပစိဖိတ်နဲ့ အတ္တလန်တိတ်သမုဒ္ဒရာတွေမှာ ကျက်စားလေ့ရှိပြီး ပင်လယ်ရေနက်မှာနေထိုင်တဲ့ သတ္တ၀ါတွေဖြစ်ကာ ပင်လယ်ကြမ်းပြင်အောက်က သတ္တ၀ါငယ်လေးတွေကို ဖမ်းဆီးစားသောက့်လေ့ရှိပါတယ်။
ဝံပုလွေငါးဟာ သူ့ ရဲ့ကြီးမားတဲ့ အရွယ်အစားနဲ့ ကြောက်မက်ဖွယ်ရာသွင်ပြင်ကြောင့် နာမည်ကျော်ကြားပြီး Animal Planet ရုပ်သံရဲ့ River Monsters အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ သတ္တ၀ါမျိုးစိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ဝံပုလွေငါးတွေဟာ သာမန်အားဖြင့် ၁.၂မီတာသာ ရှည်လျားလေ့ရှိပေမယ့် Hirasaka ဖမ်းမိခဲ့တဲ့ ငါးဟာ နှစ်မီတာ နီးပါးရှည်လျားကြောင်း သိရှိရပါတယ်။ အဆိုပါ အရွယ်အစား အဆမတန်ကြီးမားနေမှုကြောင့် ဖူကူရှီးမားနျူကလီးယား ဓာတ်ပေါင်းဖို မတော်တဆမှုဟာ ဒေသတွင်းငါးတွေကို အကျိုးသက်ရောက်မှု ရှိနေကြောင်း ဂျပန်ငါးဖမ်းသမားတွေက စိုးရိမ်ပူပန်နေကြပါတယ်။
Ref: Dailymail
Credit: Trend Myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...