တောအုပ်တွေမှာ သစ်ပင်တွေသာအများဆုံးပေါက်ရောက်ကြတာပါ။
အခုတင်ပြမှာက ကျောက်တုံးတွေနဲ့တည်ရှိနေတဲ့ တောအုပ်ပုံစံ ကျေက်တုံး
အစုအဝေးတွေရှိတဲ့နေရာကိုပါ။
ဒီနေရာကတော့ မာဒဂါစကား ( Madagascar )ဆိုတဲ့ကျွန်းနိုင်ငံမှာပါ။ Melaky ဒေသအပိုင်မှာ
တည်ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ်လောက်မှာ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းမှာ
ထည့်သွင်းခံရပါတယ်။ကမ္ဘာ့အကြီးဆုံးကျေက်တုံးတောအုပ်ကြီး လို့လည်းဆိုကြပါတယ်။
ဒီကျောက်တောင်တွေကြားမှာ လမုပင်များနှင့်အတူ ငှက်များနှင့် လူအများစိတ်ဝင်စား
ကြတဲ့ လီမာမျောက်မျိုးနွယ် လေးတွေနေထိုင်ကြပါတယ်။
အမျိုးဥယျာဉ်အဖြစ်တောင်ဘက်ပိုင်းကို ကာကွယ်ရှောင့်စောင့်ထားတဲ့အပိုင်း
ဟာ 666 km²ကျယ်ဝန်းပါတယ်။ မြောက်ဘက်အပိုင်းဟာဆိုရင် 853 square kilometre
ကျယ်ပါတယ်။ကမ္ဘာလှည့်တောင်တက်သမားများနှင့် ခရီးသွားများကို ဆွဲဆောင်ရာ
နေရာလေးတစ်ခုပါ။
လူတွေစိုက်ပျိုးထားသလို စီစီတန်းတန်းနဲ့တကယ်ကိုအံ့သြဖို့ကောင်းပါတယ်။
သူမို့လို့စွန့်စွန့်စားစားတက်ရဲတယ်ဗျာ...
ဒီလိုသဘာဝအတိုင်းကျောက်တုံးတွေဆင့်နေပုံကလည်းအံ့သြစရာပါပဲ။
လီမာမျောက်လေးတွေကလည်း ဒီကျောက်တောင်တွေပေါ်မှာကြံကြံဖန်ဖန်နေတက်
ကြပါတယ်။ဒီကောင်လေးတွေပုံက ရှဥ့်လေးတွေနဲ့လည်းဆင်ပါတယ်။ ကျောက်တောင်စွန်း
တစ်ခုနဲ့တစ်ခု ကို လှန်းခုန်ကူးပုံတွေက တကယ်ကို ရင်သပ်ရှုမောစရာပါ။
ဒီကျောက်တောင်တွေအကြောင်းအချက်အလက်
ဒါကတော့ မာဒဂါစကာကျွန်းနှင့်ကျောက်တောင်တွေရှိရာဒေသမြေပုံပါ...
ကျွန်တော်နေခရမ်းရဲ့ပုံစံအတိုင်းပဲ သူငယ်ချင်းတို့အတွက်ပုံလေးတွေနဲ့
ပြည့်စုံအောင်တင်ပေးလိုက်ပါတယ်။အချက်အလက်လွဲမှားမှု များရှိရင်
ခွင့်လွှတ်ကြပါလို့တောင်းပန်ရင်း...............
Jun 26, 2013 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ.......... နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။