Monday, September 5, 2016

စာဖတ်ပြတဲ့ ကလေးငယ်တိုင်းကို အခမဲ့ ဆံပင်ညှပ်ပေးတဲ့ ဆံသ ဆရာ

http://i1183.photobucket.com/albums/x474/konay1/general/ad_177667745.jpg
ဆံသဆရာ တစ်ယောက်ဟာ သူ့ကိုစာဖတ်ပြတဲ့ မည်သည့် ကလေးငယ်တိုင်းကို မဆို အခမဲ့ ဆံပင်ညှပ်ပေးနေတယ်လို့ သိရပါတယ်။
Courtney Holmes လို့ ခေါ်တဲ့ ဆံပင်ညှပ်ဆရာ တစ်ယောက်ဟာ အမေရိကန် ပြည်ထောင်စု ၊ Iowa ပြည်နယ် မှာရှိတဲ့ Dubuque မြို့ရဲ့ ကျောင်းဖွင့်ရာသီ Back-to-School အစီအစဉ်မှာ ပါဝင်တဲ့အနေနဲ့ စာဖတ်ပြတဲ့ ကျောင်းသား ကလေးငယ်လေးတွေကို အခမဲ့ ဆံပင်ညှပ်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုအချိန်မှာ Metro သတင်းဌာန ရဲ့ တစ်ပတ်တာရဲ့ သူရဲကောင်းစာရင်းထဲ ၀င်နေပြီဖြစ်တဲ့ Courtney က သူအခုလို အခမဲ့ ဆံပင်ညှပ်ပေးဖြစ်တဲ့အကြောင်းကို ဒီလိုပြောပြပါတယ်။
“ကျွန်တော်ဟာ ကလေးတွေကို စာပိုဖတ်ဖြစ်အောင် ကူညီထောက်ပံ့ပေးချင်ယုံပါ” ။ အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ ဆံပင်ညှပ်ဆရာက ကလေးတွေ ကွန်ပျူတာရှေ့မှာ အချိန်ဖြုန်းနေတာ ထက်စာရင် လက်ထဲမှာ စာအုပ်တွေပဲ ရှိနေစေချင်တဲ့ ဆန္ဒကြောင့် အခုလို ဆောင်ရွက် ပေးခဲ့တာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
Ref:metro.co.uk
CREDIT:TREND MYANMAR

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...