စုစည်းတင်ပေးလိုက်ပါသည်။ ကြည့်လိုက်ကြပါအုံးနော်…
(၁) Angel Falls

ဒီရေတံခွန် ဟာ ဗင်နီဇွဲလားနိုင်ငံမှာတည်ရှိပြီး ပေ ၃၂၁၂ ပေ ၊ 979 meters မြင့်ပါတယ်။
သူကို "Salto del Angel" လို့ အမည်တွင်ပြီး အနီးစပ်ဆုံး ဥပမာပြရရင်
ပြင်သစ်နိုင်ငံ က အီဖယ်မျှော်စင် ထက် သုံးဆလောက်မြင့်ပါတယ်။
ရေတံခွန်သည် "Auyantepui Mountain" ကနေ ကျဆင်းလာတာပါ။
ဒီနေရာသည် Canaima အမျိုးသားဥယျာဉ်အတွင်းမှာ ရှိပြီး
ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ် အသိအမှတ်ပြုထားသည့်နေရာပါ။

(၂) Tugela Falls

တောင်အာဖရိကနိုင်ငံတွင် တည်ရှိပြီး 948 metres (3,110 ပေ)မြင့်ပါသည်။
(၃) Tres Hermanas Falls

ရေတံခွန်များ ခွကြာ စီးဆင်းနေသော ပုံစံဖြစ်ပြီး ပီရူးနိုင်ငံတွင်
တည်ရှိကာ 914 metres (2,999 ပေ) မြင့်ပါသည်။
(၄) Olo'upena Falls

အမေရိကန်နိုင်ငံ ပိုင်နက်ထဲတွင် သဘာဝအလှအပများပေါများကြွယ်ဝစွာ
တည်ရှိနေသော Hawaii တွင်တည်ရှိပြီး 900 metres (2,953 ပေ) မြင့်ပါသည်။
(၅) Yumbilla Falls

ပီရူးနိုင်ငံ တွင်ပင်ရှိကာ 896 metres (2,940 ပေ) မြင့်သော ကမ္ဘာ့အမြင့်ဆုံးရေတံခွန်
စာရင်းတွင် နံပါတ် ၅ ဖြစ်ပါသည်။
(၆) Vinnufossen Falls

နော်ဝေနိုင်ငံတွင် တည်ရှိပြီး 860 metres (2,822 ပေ) မြင့်ပါသည်။
(၇) Balåifossen

နော်ဝေ နိုင်ငံတွင်ပင် တည်ရှိပြီး 850 metres (2,789 ပေ) မြင့်ပါသည်။
(၈) Pu'uka'oku Falls

အမေရိကန်နိုင်ငံ ပိုင်နက်ထဲတွင် သဘာဝအလှအပများပေါများကြွယ်ဝစွာ
တည်ရှိနေသော Hawaii တွင်ပင် တည်ရှိပြီး 840 metres (2,756 ပေ) မြင့်ပါသည်။
(၉) James Bruce Falls

ကနေဒါ နိုင်ငံတွင် တည်ရှိပြီး 840 metres (2,756 ပေ) နီးပါး မြင့်ပါသည်။
(၁၀) Browne Falls

နယူးဇီလန်နိုင်ငံ တွင်တည်ရှိပြီး 836 metres (2,743 ပေ) မြင့်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။