နေခရမ်း....
|
Friday, October 14, 2016
မင်္ဂလာပန်းစည်းပေါင်း ၄၆ ခုတိတိ ရရှိခဲ့ဖူးပြီး အခုထိ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီး ဂရင်းနစ်စံချိန်တင်
အမျိုးသမီးတစ်ယောက်ဟာ မင်္ဂလာဆောင်မှာ ပေးအပ်တဲ့ မင်္ဂလာပန်းစည်းပေါင်း ၄၆
ခုတိတိ ရရှိခဲ့ဖူး ပေ မယ့် အခုအချိန်အထိ အိမ်ထောင်မကျသေးပဲ တစ်ယောက်တည်းသမား အဖြစ် ဆက်လက် ရပ်တည်နေ ရပါတယ်။
အသက် ၃၇ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ Jamie Jackson ဆိုသူ အမျိုးသမီးဟာ
မင်္ဂလာဆောင်ပွဲပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ဖူးပြီး သူမအတွက် ပထမဆုံး
မင်္ဂလာဆောင်ပန်းစည်းကို ၁၉၉၆ ခုနှစ်မှာ ရရှိခဲ့တယ်လို့ သိရပါတယ်။
သူမဟာ မင်္ဂဆောင်ပန်းစည်းတွေ စုဆောင်းရတာကို ၀ါသနာပါလာခဲ့ပြီး မင်္ဂဆောင်
အဖိတ်ခံရတိုင်းလည်း မင်္ဂလာဆောင် ပန်းစည်းကို ဖမ်းမိနိုင်ဖို့သာ
ကြိုးစားနေမိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမဟာ မင်္ဂဆောင် ပန်းစည်းတွေ
အများကြီး ရရှိထားပြီး အိမ်ထောင်မကျသေးသူအဖြစ် ဂရင်းနစ်
စံချိန်တင်နိုင်ဖို့ ကြိုးစားနေ တယ်လို့လည်း သိရပါတယ်။
သူမဟာ
စုဆောင်းရရှိထားတဲ့ မင်္ဂလာဆောင်ပန်းစည်း ၄၆ ခုကို မှန်ဗီရိုထဲမှာ
မင်္ဂဆောင်သူတွေရဲ့ အမည်နဲ့ ရက်စွဲတွေကိုပါ အတူတကွ မှတ်သားထားပြီး စုဆောင်း
ထားတယ်လို့ သိရပါတယ်။ သူမဟာ မင်္ဂလာ
ဆောင် ပန်းစည်း ၅၀ တိတိ ရရင်
ဂရင်းနစ်စံချိန် တင်နိုင်မှာ ဖြစ်တဲ့အတွက် မင်္ဂလာဆောင် ပန်းစည်း
နောက်ထပ် ၎
ခု ထပ်မံ ရရှိအောင် ကြိုးစား သွားမယ်လို့လည်း သိရပါတယ်။
Trend Myanmar
အကြောင်းအရာ
ဂရင်းနစ်မှတ်တမ်းများ,
ထူးဆန်းလူများ,
ပြုံးစရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။