Mediterranean island (မြေထဲပင်လယ်)ကျွန်းစုအတွင်းရှိ
Anchor Bay ကျွန်းလေး အနောက်မြောက်ဘက်ပိုင်းတွင်
တည်ရှိသော Popeye ရွာကလေးကို သာယာချိုမိန်သော
ကောင်းကင်ဘုံလေးအဖြစ် တင်စား ခေါ်ဝေါ်တတ်ကြပါသည်။

၁၉၇၉ ခုနှစ် ဇွန်လတွင် အလုပ်သမားအင်အား ၁၆၀ နှင့် ၇ လကြာအောင်
တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ တစ်ရွာလုံးရှိ အဆောက်အဦတိုင်းကို
သစ်သား ၊ သစ်လုံးများဖြင့်သာ တည်ဆောက်ထားပြီး ဆေးရောင်စုံခြယ်သကာ
ထားခဲ့ပါသည်။

တည်ဆောက်ပြီးသည့် အချိန်မှစ၍ ရုပ်ရှင်ဇာတ်ကားများ
ရိုက်ကူးရာ နေရာအဖြစ် တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ပါသည်။

ယခုအခါတွင်တော့ ထိုကဲ့သို့ အိုဟောင်းနေသော သစ်လုံးရွာကလေးမှာ
ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ် အပန်းဖြေစရာ
လေဟာပြင် ပြတိုက် သဘောမျိုး ဖြစ်နေပါပြီ။






လှပသော ပင်လယ်ကမ်းခြေလေးနှင့် စိတ်ကူးယဉ်ဆန်သော
သစ်လုံးအိမ်ကလေးများ ဖြင့် ပနံရနေသော Popeye ရွာကလေး
ဖြစ်ပါသည်။

Popeye ရွာကလေး တည်ရှိရာ မြေပုံ....
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။