Friday, October 14, 2016

အထီးများကို ပြန်စားသော Widow Spider (မုဆိုးမ ပင့်ကူ)

http://i1183.photobucket.com/albums/x474/konay1/generral%202/1024px-Latrodectus_hasseltii_close.jpg
Latrodectus ဟုခေါ်သည့် အနက်ရောင်ပင့်ကူများသည် Theridiidae မျိုးနွယ်ဝင်
အဆိပ်ရှိ ပင့်ကူများဖြစ်ပြီး အများအားဖြင့် သူတို့ကို မုဆိုးမပင့်ကူ
( Widow Spider ) ဟုခေါ်ကြပါသည်။
မိုးဆိုးမပင့်ကူဟု ခေါ်ရသည့်အကြောင်းကတော့ ထိုပင့်ကူများသည်
အထီးပင့်ကူတစ်ကောင်နှင့် မိတ်လိုက်ပြီးပါက ထိုပင့်ကူထီးကို
သတ်စားတတ်သောကြောင့် ဖြစ်ပါသည်။
ထိုပင့်ကူမများ၏ ပုံစံနှင့် အရောင်ပေါ်မူတည်ပြီး Black Widow ဟု
လည်းခေါ်ကြပါသည်။ Black Widow မများသည် အထီးများထက်
ပိုအားကြီးသော သဘောရှိကာ ပါဝင်သော အဆိပ်လည်းပိုပြင်း
ကြပါသည်။ ထိုအဆိပ်ကြောင့်ပဲ ပင့်ကူထီးများမှာ မိတ်လိုက်ပြီး
နောက် အမများ၏ သတ်စားခြင်းကို ခံရခြင်းဖြစ်ပါသည်။
Black Widow ရဲ့  အဆိပ်ဟာ ပြင်းပြီး ဆေးသာ
အချိန်မှီ အသုံးမပြုရင် လူ့အသက် အန္တရာယ်ကိုပါ
ထိခိုက်စေနိုင် ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...