Friday, November 11, 2016

ဂျပန်လူမျိုးများ၏ ထူးထူးခြားခြား တီထွင်မှုများ

ဂျပန်နိုင်ငံသည် စက်မှုပညာ ထိပ်ဆုံးရောက်နေသော နိုင်ငံတစ်ခုဖြစ်သည်ကို
အားလုံးအသိပါ။ ယခုတင်ပြမှာကတော့ ဂျပန်လူမျိုးများ ထူးထူးခြားခြား
တီထွင်ထားသော လူ့အသုံးအဆောင်ပစ္စည်းတစ်ချို့အကြောင်း
ဖြစ်ပါသည်။တစ်ချို့ပစ္စည်းများမှာ အနည်းငယ် ကပ်သီးကပ်သပ်နိုင်
သည်ဟု ထင်ရသော်လည်း တကယ်လက်တွေ့အသုံးဝင်သည်ကို
တွေ့ရပါသည်။ တစ်ချို့ပစ္စည်းများကတော့ တကယ်ကို အသုံးတည့်သည်
မှာသေချာပါသည်။ ကြည့်လိုက်ကြပါအုံးနော်……
http://i1183.photobucket.com/albums/x474/konay1/general%206/10987417_795667507168934_6385019990069910100_n.jpg
(၁) ခွက်ပေါ်ကလူကလေး
ဒီလူရုပ်ပုံစံ ကလေးကတော့ ခေါက်ဆွဲပြုတ်တဲ့အခါမှာ အသုံးချ
ဖို့ပါ။ ခေါက်ဆွဲပြုတ်တဲ့အခါ ထိုလူရုပ်ကလေးကို ခွက်ပေါ်မှာ
တင်ထားလိုက်ယုံပါ။ ခေါက်ဆွဲပြုတ် နူးပြီ ၊ ရပြီးဆိုလျှင် ထိုအရုပ်ကလေး
က သူ့ဟာသူ ကွာကျသွားမှာပါ။ ဒါဟာလူက ခဏခဏ အဖုံးဖွင့်ကြည့်
စရာ မလိုအောင် ထိုလူရုပ်ကလေးက တာဝန်ထမ်းဆောင်ပေးမှာ
ဖြစ်ပါသည်။ပုံမှာ ပြထားပုံအရဆို “သုံးမိနစ် စောင့်ပေါ့ဗျာ”…

http://i1183.photobucket.com/albums/x474/konay1/general%206/14076_795667480502270_8796859945185404832_n.jpg
(၂) ထီးမိုးကာ
တကယ်ကို မိုးလုံစေမည့် ထီးဒီဇိုင်းပါနော်။ထီးက တကယ်မိုးရွာ
လျှင် လူကိုမိုးရေ မစိုစေရန် မကာကွယ်နိုင်ပါ။ ဒါကြောင့် ဒီလို
ပုံစံဆိုလျှင်တော့ မိုးကာ သဘောမျိုးဖြစ်ပြီး မိုးလုံသွားနိုင်ပါသည်။
ဒါပေမယ့် မိုးမရွာလို့ထီးခေါက်ထားဖို့ ကတော့ခက်မယ်ထင်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%206/10850238_795667423835609_911684975492382583_n.jpg

(၃) အသံတိတ် မိုက်
ဒါကတော့ ကာရာအိုကေသီချင်းဆိုကျတဲ့ အခါ မိမိအသံ ဘေးကို
မပျံသွားရန် အခြားသူများကို အနှောက့်အယှက်မဖြစ်ရန် တီထွင်
ထားခြင်းပါ။ နည်းနည်းသော ကိုးလို့ကန့်လန့်နိုင်သော တီထွင်မှု
တစ်ခုပါ။

http://i1183.photobucket.com/albums/x474/konay1/general%206/1620580_795667473835604_5089639357246670437_n.jpg
(၄) စာအုပ်ပုံစံ ခေါင်းအုံး
ဒါကလည်း စာဖတ်ရင်းအိပ်ငိုက်တတ်သူတွေ စာဖတ်ပျင်းတဲ့သူတွေ
အတွက်နဲ့တူပါသည်။ စာအုပ်ပုံစံဆိုတော့ ကျောင်းသွားရင်
မသိမသာ ယူသွားလို့ အဆင်ပြေတာပေါ့ဗျာ။

http://i1183.photobucket.com/albums/x474/konay1/general%206/11001777_795667450502273_638412271802439405_n.jpg
(၅) နက်(ခ်)တိုင်ထီး
ဒါကတော့ နက်(ခ်)ပုံစံ ထီးပေါ့ဗျာ။ အနည်းငယ်ကြောင်တယ်ဟု
ထင်စရာရှိပါသည်။ အလေးခံပြီး လည်ပင်းဆွဲစရာလားဟု
ထင်ရသော်လည်း နေရာတကာ ထီးမေ့တတ်သူများအတွက်
တော့ အဆင်ပြေစေမှာ အမှန်ပါ။ လက်ကကိုင်စရာလည်းမလို။
လည်ပင်းတော့ လေးမှာပေါ့။

http://i1183.photobucket.com/albums/x474/konay1/general%206/10386763_795667453835606_6797526648779552586_n.jpg
(၆) မျက်စဉ်းခပ်ကတော့
ဒါလည်း ကြံကြံဖန်ဖန်တီထွင်မှုတစ်ခုပါပဲ။ မျက်စဉ်းခပ်လျှင်
မျက်လုံးထဲ တန်းနေအောင် ၀င်ဖို့နဲ့တူပါသည်။

http://i1183.photobucket.com/albums/x474/konay1/general%206/10995406_795667440502274_8436115439747694994_n.jpg
(၇) ခေါင်းအုံးစပီကာ
လာပြန်ပါပြီ။ အိပ်ရင်း TV ကြည့်သူတွေအတွက် TV ကအသံကို
ကိုကြားနိုင်အောင် ဒီခေါင်းအုန်းက အသံဖမ်းပြီး ကိုကြားနိုင်အောင်
ပြန်လုပ်ပေးမှာပါ။ TV ကို အသံအကျယ်ကြီး ဖွင့်ထားစရာ
မလိုတော့ဘူးပေါ့ဗျာ။

http://i1183.photobucket.com/albums/x474/konay1/general%206/984271_795667410502277_2411087748312933592_n.jpg
(၈) ထောပတ်ကြိတ်စက်
ပေါင်မုတ်ကို ထောပတ်သုတ်ရန် ဇွန်းဖြင့် သုတ်စရာ မလိုအောင်
ဒီစက်ထဲကို ထောပတ်ထည့်ပြီး လှည့်ပေးလိုက်လျှင် ထောပတ်အမျှင်
လေးတွေအဖြစ် ထွက်လာမှာပါ။ ပေါင်မုတ်ပေါ်မှာ ချပေးပြီး
စားသုံးဖို့ပါပဲ။

http://i1183.photobucket.com/albums/x474/konay1/general%206/1503358_795667477168937_2975618039952824066_n.jpg
(၉) လေးထောင့်ဖရဲသီး
ဖရဲသီးဆိုလျှင် အ၀ိုင်းနှင့် ဘဲဥပုံ လိုမျိုးပဲ ရှိပေ့မယ့် ဂျပန်လူမျိုး
တွေကတော့ ပုံစံသွင်းပြီး လေးထောင့်ပုံ ဖရဲသီးများ တီထွင်
ထုတ်လုပ်ခဲ့ကြပါသည်။ ဒါကတော့ ယခုအခါ အခြားနိုင်ငံ များ
တွင်လည်း ပြုလုပ်လာကြပါပြီ။ လေးထောင့်ပုံတင်မက
အသဲပုံ ဖရဲသီးများပါ တွေ့နေရပါသည်။

http://i1183.photobucket.com/albums/x474/konay1/general%206/524201_795667503835601_6011255307464422812_n.jpg
(၁၀) တူပန်ကာ
ပန်ကာတပ်ထားသော တူများပါ။ ခေါက်ဆွဲပြုတ်လို ပူပူ
လောင်လောင်စားရသည့် အစားအစာမျိုးများတွင် အေးအောင်
ပါးစပ်ဖြင့် မှုတ်ပေးရသည့် နေရာမှာ အသုံးချဖို့ပါ။
တူမှာ ပန်ကာအသေးလေး တပ်ထားလိုက်သဖြင့် ပါးစပ်ဖြင့်
မှုတ်ပေးစရာ မလိုတော့ဘဲ အရန်သင့် စားနိုင်အောင်ပါ။

အထက်ပါ ပစ္စည်း တော်တော်များများက အခြားနိုင်ငံများတွင်
မတွေ့ရဘဲ ဂျပန်နိုင်ငံတွင်သာ တွေ့ရတက်ပါသည်။
အသုံးဝင်တာ မ၀င်တာ အသာထားပြီး ထူးထူးခြားခြားဖြစ်နေ
သဖြင့် တင်ပြပေးလိုက်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...