Thursday, December 8, 2016

ကမ္ဘာ့အားကစားနည်းများ စတင်ရာ နိုင်ငံများ

(၁) Football

ဘောလုံးကစားနည်းကို အနောက်တိုင်းမှ စတင်သည်ဟု
အများအားဖြင့် ထင်မြင်ကြသော်လည်း ဘောလုံးကစားနည်း
မျိုးကဲ့သို့ ကစားနည်းကို စတင်ကစားခဲ့သူများမှာ တရုတ်နိုင်ငံ
မှ ဖြစ်ကြောင်းသိရှိရပါသည်။တရုတ်နိုင်ငံတွင် BC 255-206
အတွင်းကတည်းက ဘောလုံးကစားနည်းမျိုးကဲ့သို့
ကစားခဲ့သော ကစားနည်းတစ်ခု ရှိပါသည်။
Han မင်းဆက်လက်ထက် တရုတ်နိုင်ငံတွင် Tsu’ Chu ဆိုသည့်
ကစားနည်းရှိပြီး အဓိပ္ပါယ်မှာ ဘောလုံးကန်ခြင်း ဟုဆိုပါသည်။
ထိုကစားနည်းမှာ သုံးသောဘောလုံးကို သာရေဖြင့်ချုပ်လုပ်
ထားပြီး အတွင်း၌ ဆံပင်(သို့) အခြားနူးညံ့သော ပစ္စည်းများ
ထည့်သွင်းကာ ပြုလုပ်ထားပါသည်။

(၂) Basketball
ဘက်စကက်ဘော ကစားနည်းကတော့ အမေရိကန်နိုင်ငံတွင်
၁၈၉၁ ခုနှစ်ကတည်းက စတင်ကစားခဲ့ကြပါသည်။
စတင်တီထွင်ချိန်က ဆောင်းရာသီတွင် အဆောက်အဦအတွင်း၌
ကစားရရန် ဖြစ်ပါသည်။
(၃) Tennis
တင်းနစ်ကစားနည်းကို ပြင်သစ်နိုင်ငံတွင် စတင်ကစားခဲ့ကြပြီး
ထိုအချိန်က Paume(Palm)ဟု ခေါ်ခဲ့ကြသည်။
၁၂ ရာစုလောက်ကတည်းက ကစားခဲ့ကြပြီး စတင်ကစားချိန်တွင်
လက်ဝါးများဖြင့် ရိုက်ကာ ကစားခဲ့ပါသည်။ တင်းနစ်ရိုက်တံ(Racket)
များမပေါ်ပေါက်မှီ အထိထိုကဲ့သို့ ကစားခဲ့ခြင်းဖြစ်ပါသည်။

(၄) Table Tennis
ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးကစားနေကြသော စားပွဲတင်တင်းနစ်ကို
အင်္ဂလန်မှာ ၁၈၈၀ ခုနှစ်လောက်ကတည်းက စတင်ကစားခဲ့ကြပါသည်။
မူလက ကွင်းပြင်တွင် ကစားရခြင်းကို ဆောင်းတွင်းဘက်၌
အဆောက်အဦအတွင်း ကစားနိုင်အောင် လိုက်ဖက်ညီအောင် တီထွင်
ခဲ့ကြခြင်း ဖြစ်ပါသည်။


(၅) Cricket
ခရစ်ကက်ကစားနည်းကို AD 500 မှ 1020 အတွင်း
အင်္ဂလန်အရှေ့တောင်ပိုင်းရှိ ကလေးငယ်များ စတင်ကစားခဲ့ကြသည်ဟု
ယုံကြည်ခဲ့ကြပါသည်။ ထိုကစားနည်းသည် ၁၇ ရာစုတွင် လူကြီးများ
မကစားကြသေးခင်အချိန်အထိ ကလေးများကစားသော
ကစားနည်းအဖြစ် မျိုးဆက်ပေါင်းများစွာ တည်ရှိနေခြင်း ဖြစ်ပါသည်။

(၆) Chess
ကမ္ဘာ့နိုင်ငံအသီးသီးတွင် အများအပြားကစားကြသည့် ဥာဏ်သုံးပြီး
ယှဉ်ပြိုင်ကစားရသော Chess ကစားနည်းကို အိန္ဒိယနိုင်ငံမှ စတင်
တီထွင်ကစားခဲ့ကြပါသည်။ ၆ ရာစုလောက်ကတည်းက ကစားခဲ့ကြသည့်
Chaturanga ဆိုသည့်အမည်ရှိကစားနည်းမှ ဆင်းသက်လာခြင်းဖြစ်ပါသည်။

(၇) Golf
Golf အားစားနည်းကို စကော့တလန်(Scotland) နိုင်ငံတွင်
၁၄၅၇ ခုနှစ်ကတည်းက စတင်ကစားခဲ့သည်ဟု ဆိုပါသည်။
သို့သော် တုတ်ဖြင့်ဘောလုံးကိုရိုက်ခြင်း၊ ကစားခြင်းတို့သည် ဒီအရင်
ကတည်းက ရှိနေကြပါသည်။ရှေးအကျဆုံး ဂေါက်သီးရိုက်
ချန်ပီယံပွဲမှာ ၁၈၆၀ ပြည့်နှစ်တွင် ဗြိတိန်နိုင်ငံတွင်ကျင်းပခဲ့သည့်
ဖိတ်ခေါ်ပွဲ ဖြစ်ပါသည်။

(၈) Sumo
ကိုယ်ခန္ဓာကြီးမားကြံ့ခိုင်သော လူဝကြီးများ အင်အားခြင်းယှဉ်ပြိုင်
ကစားကြရသည့် ဆူမိုနပန်းပွဲများကို ဂျပန်နိုင်ငံတွင် လွန်ခဲ့သော
နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက ရိုးရာပွဲတစ်ခုအနေဖြင့်
ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။

(၉) Rugby
Rugby ကစားနည်းကို ၁၈၂၃ တွင် ဗြိတိန်မှ စတင်ကစားခဲ့ကြပါသည်။
William Webb Ellis ဆိုသူမှ စတင်တီထွင်ခဲ့ပြီး ၁၈၄၅ ခုနှစ်တွင်
ကစားနည်းဥပဒေများ ရေးဆွဲခဲ့ကြပြီး လူကြိုက်များသော ကစားနည်း
တစ်နည်း ဖြစ်လာပါသည်။

(၁၀) Motor Race
မော်တော်ကားများပေါ်ပေါက်လာပြီးနောက်ပိုင်း ကားပြိုင်ပွဲများ
လည်းကျင်းပခဲ့ကြပါသည်။ ပထမဆုံးကားပြိုင်ပွဲကို ပြင်သစ်နိုင်ငံတွင်
၁၈၉၅ ခုနှစ်၌ ကျင်းပခဲ့ပါသည်။ Emile Levassor ဆိုသူသည်
ပျမ်းမျှ တစ်နာရီ ၂၄ ကီလိုမီတာကျော်ဖြင့် အနိုင်ရရှိခဲ့ပါသည်။

(၁၁) Polo
လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ လောက်ကတည်းက အာရှအလယ်ပိုင်းနှင့်
ပါရီစီးရား(ယနေ့အီရန်) တို့တွင် မြင်စီးသမားများက စခဲ့သော
ကစားနည်းဖြစ်ပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .............. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...