Friday, January 27, 2017

အသက် (၂၀) ပြည့်သွားခြင်း အထိမ်းအမှတ် ပွဲတော်


နှစ်တစ်နှစ်ရဲ့ ဇန်န၀ါရီ ဒုတိယ အပတ်မှာ ကျရောက်တဲ့ တနင်္လာနေ့ဟာ ဂျပန်နိုင်ငံ အတွက် ထူးခြားတဲ့နေ့ ဖြစ်ပြီး၊ အမျိုးသမီး ထောင်ပေါင်း များစွာဟာ ရိုးရာကီမိုနို ၀တ်စုံကို ၀တ်ပြီး ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်လေ့ရှိ ပါတယ်။ ဒီပွဲတော်ဟာ ဂျပန် နိုင်ငံရှိ ဆယ်ကျော်သက်တွေ အတွက် မေ့မရနိုင်တဲ့ ပွဲဖြစ်သလို သူတို့ ဘ၀မှာ အရေးပါတဲ့ လုပ်ပိုင်ခွင့်တွေ ရရှိသွားတဲ့ အထိမ်းအမှတ်လည်း ဖြစ်ခဲ့ပါတယ်။ ဒီပွဲတော်ကို coming of age day လို့ အမည်ပေး ထားပါတယ်။ ထူးခြားတာက ဒီပွဲတော်ကို အသက် (၂၀) ပြည့် အမျိုးသမီးတွေရဲ့ ဆွေမျိုးသားချင်းတွေ ပါဝင်ရောက် ဆင်နွှဲခဲ့ခြင်း ဖြစ်ပါတယ်။ ဒီပွဲတော် ကို ဂျပန်နိုင်ငံရှိ ထင်ရှားတဲ့ နေရာတွေမှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဂျပန် အမျိုးသမီးတွေရဲ့ ငယ်ရွယ် လှပမှု၊ တက်ကြွမှုတွေ ကိုလည်း မြင်တွေ့ခဲ့ရ ပါတယ်။ တကယ်တော့ ဒီပွဲတော်ဟာ ဂျပန အမျိုးသမီး တစ်ဦးရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ အားလုံး ရရှိသွား စေတဲ့ အသိအမှတ်ပြု ပွဲတော်တစ်ခု ဖြစ်ပါ တယ်။ ဂျပန်နိုင်ငံမှာ အသက် (၂၀) ပြည့်မှ အမျိုးသမီးတွေဟာ အရာအားလုံးကို လုပ်နိုင်တာ ဖြစ်ပါတယ်။ မဲပေးခြင်း၊ ယမကာ သောက်သုံးခြင်း၊ ဆေးလိပ် သောက်သုံးခြင်းတို့ကို ပြုလုပ်ခွင့်ရ တာကြောင့် ဂျပန်ရှိ ဆယ်ကျော်သက် အရွယ် အမျိုးသမီးတွေဟာ အသက်(၂၀)ကိုအမြန်ဆုံး ရောက်ချင်တဲ့ ဆန္ဒရှိ နေတာ ဖြစ်ပါတယ်။ အသက်(၂၀)ပြည့်ကြောင်း အသိအမှတ်ပြုတဲ့ အနေနဲ့ ပြုလုပ်တဲ့ အထိမ်းအမှတ် ပွဲတော်ကို ပြီးခဲ့တဲ့နှစ် (၂၀) ကတည်းက ကျင်းပခဲ့တာ ဖြစ်ပြီး၊ အမျိုးသမီးတွေ ကတော့ ကီမိုနို အ၀တ်အစား ကိုလည်းကောင်း၊ အမျိုးသားတွေက ပွဲတက် ၀တ်စုံတွေကို လည်းကောင်း ၀တ်ဆင် ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီပွဲဟာ အမျိုးသမီး တွေရဲ့ ဆယ်ကျော်သက် ဘ၀ကို စွန့်လွှတ်လိုက် ရတာ ဖြစ်ပြီး၊ လူကြီး ဘ၀ကို ရောက် သွားကြောင်း အသိ အမှတ် ပြုလိုက် ခြင်းလည်း ဖြစ်ပါတယ်။ အချို့ အမျိုးသမီးတွေ ကတော့ လူငယ်ဘ၀က  ထားရှိခဲ့တဲ့  ဆံပင်တွေ ကိုလည်း ညှပ်ပစ်လိုက်ပြီး လူကြီးဘ၀ ကို စိတ်သစ် လူသစ်နဲ့ ၀င်ရောက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီနှစ်ပွဲတော်ကို စုစုပေါင်း (၁ ဒသမ ၂၆)သန်း ၀င်ရောက် ဆင်နွှဲခဲ့ပြီး၊ ပြီးခဲ့တဲ့ နှစ်ကထက် (၅၀၀၀၀) ပိုများ ခဲ့တယ်လို့ ဆိုထားပါတယ်။
Credit:messenger

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...