Friday, February 10, 2017

ကမ္ဘာတစ်လွှား ထူးထူးခြားခြားနယ်ခြားစည်းများ (၂)

အခု နေခရမ်းတင်ပြပေးမယ့် ပုံလေးတွေက အမြင်ထူးခြားတဲ့ နယ်ခြားစည်းများ
တည်ရှိရာ ဒေသတွေကိုပါ။ နိုင်ငံနယ်စပ်တွေကို ခြံစည်းရိုးကာတာတွေ မှတ်တိုင်
စိုက်ကြတာတွေက ရှိတက်ကြတာပါပဲ။ဒီလိုပုံ နယ်ခြားခြံစည်းရိုးမျိုးကတော့
တော်တော်များများတွေ့တက်ကြပါတယ်။ဥပမာ...တောင်၊မြောက်ကိုရီးယားနယ်ခြား
စသည်ဖြင့်ပေါ့။အခုတင်ပြမှာက ဒီလိုပုံစံမျိုးမဟုတ်ပဲ အမြင်ထူးခြားစေတဲ့
နယ်ခြားစည်းလေးတွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။

ဒါကတော့ ဘယ်ဂျီယံ နဲ့ နယ်သာလန်နိုင်ငံတို့ရဲ့ နယ်ခြားစည်းပါ။
တိုက်ကိုပါ တစ်ဝက်စီ ခွဲသွားပါတယ်။ ဒီအိမ်က နှစ်နိုင်ငံလုံးနှင့်
သတ်ဆိုင်နေပြီး အိမ်လိပ်စာဟာ နှစ်မျိုးဖြစ်နေတာပါ။ ဘယ်ဂျီယံနိုင်ငံ
ဘက်က Baarle-Nassau မြို့ဟု ခေါ်ပြီး ၊ နယ်သာလန်နိုင်ငံ ဘက်က
မြို့ကိုတော့ Baarle-Hertog လို့ ခေါ်ပါတယ်။ ဒီအိမ်ရဲ့နောက်ထပ်ထူးခြားမှု
တစ်ခုကတော့ အိမ်ရဲ့ လူခေါ်ဘဲလ်ကို တစ်နိုင်ငံအတွက် တစ်လုံးနှုန်း နဲ့
နှစ်နိုင်ငံလုံးအတွက် တံခါးရဲ့ တစ်ဖက်စီမှာ ထားပေးရပါတယ်။

ဒါကလည်း ဘယ်ဂျီယံ နဲ့ နယ်သာလန်နိုင်ငံတို့ရဲ့ နယ်ခြားစည်းပါပဲ။
နယ်ခြားသတ်မှတ်တာတောင် တည့်တည့်မလုပ်ပဲ ဘာကြောင့်ကောက်နေမှန်း
မသိဘူးနော်။စတိုင်းခဲ့တဲ့သူတွေ မူးနေလားမသိဘူးနော်။

ဒါကတော့ ဆွီဒင်နိုင်ငံ နဲ့ ဖင်လန်နိုင်ငံကြား မှ Tornio ဂေါက်ကွင်းလေးပါ။
ဒီနယ်ခြားလေးကလည်း တစ်မျိုးထူးခြားပါတယ်။ နှစ်နိုင်ငံကြားမှာ ဂေါက်ကွင်း
တည်ဆောက်ထားပြီးတော့ ဆွီဒင်နိုင်ငံဘက်တွင် ဂေါက်ကျွင်း (၉)ကျွင်း ရှိပြီး ၊
ဖင်လန်နိုင်ငံဘက်တွင်လည်း ဂေါက်ကျွင်း (၉) ကျွင်း အညီအမျှရှိပါတယ်။
ဂေါက်ကျွင်း ၁၈ ကျွင်း အပြည့်ကစားခြင်းဖြင့် နိုင်ငံခြားသွားပြီး ဂေါက်လှည့်
ရိုက်ရသလို ဖြစ်စေမှာပါ။

ဒါကတော့ အမေရိကန် နှင့် ကနေဒါ နိုင်ငံတို့ကြား နယ်ခြားစည်း ဖြစ်ပါတယ်။
ဟိုအိမ်က နှစ်နိုင်ငံလုံးနှင့် ဆိုင်နေမယ်နဲ့တူတယ်နော်...

ဒါကတော့ အမေရိကန်နိုင်ငံ နဲ့ မက္ကဆီကိုနိုင်ငံ တို့ကြား နယ်ခြားခြံစည်းရိုးပါ။
နှစ်နိုင်ငံလုံးက ဒေသခံများသည် နှစ်စဉ်နှစ်တိုင်း ဘောလီဘောပွဲကို တစ်ဖက်စီ
မှာ နေပြီး ကစားလေ့ရှိပါတယ်။ ၁၃ ပေ မြင့်သော နယ်စပ်ခြံစည်းရိုးကို အလယ်
ထားပြီး ကစားကြပါတယ်။ 

ဒါကတော့ ပြင်သစ် နဲ့ အီတလီ နယ်စပ်ပါ။ဒီလူက နှစ်နိုင်ငံကို ခွထားတာဆိုတော့
ပက်စ်ပို့ မရှိရင် အဖမ်းခံရနိုင်ပါတယ် ... :P

ဘော့စနီးယား နဲ့ ခရိုအေးရှား နှစ်နိုင်ငံပိုင်းခြားထားတဲံ နေရာပါ။
တိုက်ကို ထက်ခြမ်းခွဲပြီး ဆေးသုတ် အမှတ်အသားပြုထားပါတယ်။
တစ်ဖက်က ဆေးရောင်သစ်သစ်လွင်လွင် နဲ့ဖြစ်ပြီး တစ်ဖက်ကတော့ 
အပေါက်အပြဲတွေနဲ့ဆိုတော့ ကြည့်ရတာ တစ်မျိုးပါ။

ဆွီဒင်နိုင်ငံ နဲ့ နော်ဝေနိုင်ငံကြားပါ။ 

အာဂျင်တီးနား နဲ့ ချီလီ နိုင်ငံ နယ်စပ်နေရာပါ။

ဆွီဒင် နဲ့ နော်ဝေ နိုင်ငံ နယ်ခြားစည်းပါ။

ဒါကတော့ ဘရာဇီး နိုင်ငံ နဲ့ ဘိုလီဗီးယား နိုင်ငံ နယ်စပ်နေရာကို ကောင်းကင်
ဓာတ်ပုံ ရိုက်ထားတာပါ။

ဂရိ နဲ့ တူရကီ နယ်စပ်ဒေသပါ။

အင်ဒိုနီးရှား နဲ့ မလေးရှား နယ်စပ် ကျောက်တိုင်လေးပါ။
ကျောက်တိုင်က တော်တော်ကြီးရှာပါတယ်။

ဒီနေရာကတော့ နိုင်ငံလေးနိုင်ငံကို သဘာဝက ခွဲခြားထားတာပါ။
ဇန်ဘီယာ ၊ ဇင်ဘာဘွေ ၊ ဘော့စ၀ါနာ ၊ နမီးဗီးယား နိုင်ငံတွေပါ။

ဒါကတော့ တရုတ်နိုင်ငံ နဲ့ မွန်ဂိုလီးယား နိုင်ငံတို့ကြားက ဒိုင်နိုဆောရုပ်ထုကြီး
တွေပါ။ ဒီအနီးအနားမှာ ဒိုင်နိုဆောနှင့် ပတ်သတ်သည့် ကျောက်ဖြစ်ရုပ်ကြွင်း
တွေ အများအပြား တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီနေရာကို ဒိုင်နိုဆောမြို့
ဟု ခေါ်ကြပြီး ဒီအရုပ်ကြီးတွေထားတာပါ။

ဆွီဒင် နိုင်ငံ နဲ့ နော်ဝေ နိုင်ငံ ကြားနေရာပါ။

ဂျာမနီ ၊ နယ်သာလန် နဲ့ ဘယ်ဂျီယန် သုံးနိုင်ငံ နယ်ခြားဒေသလေးပါ။

အမေရိကန် နဲ့ ကနေဒါ နယ်ခြားစည်းလေးက ဖြောင့်တန်းနေတာပဲနော်။

ဂျာမနီ ၊ ပိုလန် နဲ့ ချက် သုံးနိုင်ငံကြားပါ။
ပေါ်တူဂီ နဲ့ စပိန် နယ်ခြားပါ။ စပိန်ဘက်က လမ်းက ကျယ်ပြီးကောင်းနေတာ
ပေါ်တူဂီဘက်ရောက်တော့ လမ်းကျဉ်းသွားတာ သိသာပါတယ်။

ဘီလာရုဇ် နဲ့ လစ်သူရေးနီးယား နှစ်နိုင်ငံကြားပါ။ ဒီဘက်ကနေ ဟိုဘက်ကို
လှမ်းစကားပြောနေပုံကို ဓာတ်ပုံဆရာက အမိအရရိုက်ကူးထားတာပါ။

ဘယ်ဂျီယန် နဲ့ နယ်သာလန် နိုင်ငံ နယ်ခြားစည်းပါ။
ကပ်သီးကပ်သက် တော်တော်နိုင်ပါတယ်ဗျာ။

ဘရာဇီး နဲ့ ပါရာဂွေး နယ်ခြားပါ။

ဂျာမနီ နဲ့ နယ်သာလန် နိုင်ငံတို့ကြား နယ်ခြားစည်း ဖြစ်ပါတယ်။
အဆောက်အဦထဲမှာတောင် မျဉ်းကြောင်းက ကောက်သွားသေးတယ်နော်။

အိန္ဒိယနိုင်ငံ နဲ့ နီပေါ နိုင်ငံတို့ကြားပါ။

ဒါကတော့ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိကြတဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် နိုင်ငံတို့
ကြား နယ်စပ်နေရာက  အပြိုင်အဆိုင် လုပ်နေကြပုံပါ။ 

 
နာမည်ကျော် မြန်မာ ၊ ထိုင်း နဲ့ လာအို နိုင်ငံတို့ကြား နေရာပါ။


တောင်ကိုရီးယာနိုင်ငံ နဲ့ မြောက်ကိုရီးယားနိုင်ငံ တို့ကို ညအခါ
မှာ ကောင်းကင်ဓာတ်ပုံ ရိုက်ထားတာပါ။

ဒီနေရာကတော့ နှစ်နိုင်ငံ နယ်ခြားစည်းမဟုတ်ပါဘူး။ တိုက်ကြီး နှစ်ခုကြား
နေရာပါ။ ဥရောပအာရှ ကုန်းမကြီး နဲ့ မြောက်အမေရိကတိုက် ကုန်းမကြီးတို့
ရေအောက်မှာ ကွဲပြားနေတဲ့နေရာပါ။ အိုက်စလန် နိုင်ငံ အနီးရှိ ပင်လယ်
ရေအောက်တွင် ပေ ၈၀ ခန့် ငုပ်ပြီး ရိုက်ကူးထားတာပါ။

ဒါကလည်း နယ်ခြားစည်းမဟုတ်ပေမယ့် ဗဟုသုတအနေဖြင့် ထည့်ပေး
လိုက်ပါတယ်။ ဒီစည်းလေးကတော့ အီကွေဒေါနိုင်ငံမှာ တွေ့ရသည့် 
ကမ္ဘာကြီး၏ အလယ်စည်းဖြစ်သော အီကွေတာမျဉ်း ဖြတ်သန်းသွားတဲ့
နေရာပါ။

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……… နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...