Saturday, March 18, 2017

ပီရူး သဲကန္တာရ အောက်မှ ထူးဆန်းပြီး ကြီးမားသည့် လက်သုံးချောင်း အရိုးစုကို တွေ့ရှိ

သိပ္ပံနည်းဖြင့် အဖြေမထုတ်နိုင်သည့် အရာများကို စူးစမ်းရှာဖွေနေသည့် အဖွဲ့တစ်ဖွဲ့သည်   ဂြိုဟ်သား သို့မဟုတ် ရှေးခေတ်လူ၏ အရိုးနှင့် ပုံသဏ္ဌာန်တူသော ထူးဆန်းပြီး ကြီးမားသည့် လက်သုံးချောင်းပါ လက်အရိုးစု တစ်ခုကို ရှာဖွေတွေ့ရှိသည်။
သဘာဝလွန် ဖြစ်ရပ်များကို စိတ်ဝင်စားသည့် အမည်ထုတ်ဖော် ပြောထားခြင်း မရှိသော  အဆိုပါ အဖွဲ့သည် ယင်းအရိုးစုကို ပီရူးနိုင်ငံ ကပ်စ်ကိုမြို့မှ ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း အတည်ပြု ပြောထားသည်။
ထို့ပြင် ရှည်လျားလှသော အဆိုပါ အရိုးစုကို ကပ်စ်ကိုမြို့ သဲကန္တာရ အောက်ရှိ လိုဏ်ခေါင်းများနှင့် ဂူများအတွင်းမှ တွေ့ရှိခြင်း ဖြစ်ကြောင်း ပြောသော်လည်း တည်နေရာ အတိအကျကိုမူ ထုတ်ဖော် ပြောထားခြင်း မရှိပေ။
ထို့နောက် အဆိုပါ အဖွဲ့သည် ယင်းအရိုးစုကို ပီရူးနိုင်ငံတွင် ခရီးသွား ကုမ္ပဏီ ထောင်ထားသည့် ဘရိုင်ယန် ဖိုးစတား အမည်ရှိ သဘာဝလွန် ဖြစ်ရပ်များကို စူးစမ်းရှာဖွေသူ တစ်ဦးထံသို့ လွှဲပြောင်း ပေးအပ်လိုက်သည်။
ဖိုးစတားသည် ယင်းအရိုးစုကို စူးစမ်း စစ်ဆေးပေးရန် အတွက် အမည် ဖော်ပြထားခြင်း မရှိသော ကျွမ်းကျင် ပညာရှင် အဖွဲ့တစ်ဖွဲ့ကို ဖိတ်ခေါ်လိုက်ပြီး စစ်ဆေးမှုများ စတင် ပြုလုပ်သည်။ ယင်းကျွမ်းကျင် ပညာရှင်များ၏ ထုတ်ပြန်ချက်အရ လက်ရှိလူသား များ၏ လက်ချောင်း တစ်ချောင်းတွင် အရိုးငါးခုသာ ပါဝင်သော်လည်း အဆိုပါ အရိုးစုရှိ  လက်ချောင်း တစ်ချောင်းချင်း စီသည် အရိုးခြောက်ခုစီ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ကျွမ်းကျင် ပညာရှင်များ၏ ဓာတ်မှန်ရိုက် စစ်ဆေးချက်အရ ယင်းအရိုးစုသည် အရိုးအစစ်များ၊ အရေပြားတစ်သျှူး အစစ်များဖြင့် ပါဝင် ဖွဲ့စည်းထားသည့် စစ်မှန်သော ဇီဝဗေဒ ဆိုင်ရာ ပစ္စည်းတစ်ခု ဖြစ်သည်ဟု ၎င်းတို့က အတည်ပြုထားသည်။
ဆက်လက်ပြီး အဆိုပါ သုတေသန ပညာရှင်များသည် သက်ရှိတို့တွင် ပါရှိသည့် ရေဒီယို သတ္တိကြွမှု ရှိသော ကာဗွန်ဒြပ်စင်နည်း (ရေဒီယို ကာဗွန်နည်း) အပြင် ဒီအင်န်အေ နည်းတို့ဖြင့်ပါ ယင်းအရိုးစုကို စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ထားပြီး အဆိုပါ စစ်ဆေးမှုကို ယခုနှစ် အစောပိုင်းတွင် အမေရိကန် ပြည်ထောင်စု၌ ပြုလုပ်သွားဖွယ် ရှိသည်။
Credit:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...