Tuesday, April 4, 2017

တရုတ်နိုင်ငံမှ တူးဖော်တွေ့ရှိရသော ပိရမစ်ပုံ ဂူသင်္ချိုင်း

တရုတ်နိုင်ငံ ၊ ဟီနန်ပြည်နယ် ၊ Zhengzhou မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မမျှော်လင့်ပဲ ပိရမစ်ပုံ ဂူသင်္ချိုင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

ထိုဂူသင်္ချိုင်းသည် အကျယ် ၈ မီတာ (၂၆ ပေ ) ရှိပြီး ၊ အရှည်အားဖြင့် မီတာ ၃၀ ( ၉၈ ပေ ) ရှိပါသည်။ အမြင့်အားဖြင့်တော့ ၆ ပေ သာမြင့်ပါသည်။

ရှေးဟောင်းသုတေသနပညာရှင်များကတော့ ထိုကဲ့သို့ ပုံစံထူးခြားပြီး ပိရမစ်ပုံ တည်ဆောက်ထားသော နေရာသည် ဟန်မင်းဆက် (BC 202 – 220 AD) လက်ထက်က တည်ဆောက်ခဲ့သော ဂူဗိမာန်တစ်ခု ဖြစ်ကြောင်း ဆိုကြပါသည်။


သို့သော် ဂူအတွင်း၌ မည်သည့်ပုဂ္ဂိုလ်ကို မြှပ်နှံထားပြီး ၊ မည်သည့်အတွက်ကြောင့် ပိရမစ်ပုံ တည်ဆောက်ထားရကြောင်း ထပ်မံလေ့လာသိရှိဖို့ ကြိုးစားနေကြပါသည်။ထိုပိရမစ်ကို ဇန်ဇူးပိရမစ်ဟု အမည်ပေးထားပါသည်။

သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...