Thursday, April 20, 2017

သြစတြေးလျမှ သရဲခြောက်သည့် စံအိမ်ကြီး


သြစတြေးလျနိုင်ငံ  နယူး ဆောက်သ်ဝေးလ်စ် ပြည်နယ် ဂျုနီးမြို့ရှိ မွန်တီခရစ်စတို စံအိမ်သည် နေ့စဉ်ပင် ထူးဆန်းသော အရိပ်များ မြင်ရခြင်း၊ အပူချိန် အပြောင်းအလဲများ ရှင်းမပြနိုင်ဘဲ ဖြစ်နေခြင်း၊ ညပိုင်းတွင် အရာဝတ္ထုများ ပြုတ်ကျခြင်းများကြောင့် သရဲခြောက်သည့် ထူးဆန်းသော အိမ်ကြီး တစ်ခုအဖြစ် နာမည် ကြီးနေသည်။
            အဆိုပါ နေအိမ်တွင်း ၁၉၆၃ ခုနှစ်မှ စ၍ နေထိုင် လာခဲ့သည့် အိုလစ်ဖ်ရိုင်ယန်တွင် ထိုအကြောင်းနှင့် ပတ်သက်၍ ပြောစရာ အကြောင်းနှင့် ဇာတ်လမ်းများစွာ ရှိနေသည်။ ၄င်းက ““ကျွန်မ ပခုံးပေါ်မှာ လက်တစ်ဖက် လာတင်တာ ကြုံဖူးတယ်။
             နာမည်ကို ခေါ်နေတဲ့အသံကို ကြားဖူးတယ်။ ကိုယ်အိမ်အပြင် ထွက်သွားပြီး တစ်ဦးမှ မကျန်ချိန်မှာ လေသာဆောင်မှာ ခြေသံတွေ ရှိနေတာကို ကြားရဖူးတယ်”” ဟု ဆိုသည်။ အိုလစ်ဖ်နှင့် ၎င်း၏ ခင်ပွန်းတို့သည် ထိုနေရာတွင် သင်္ကေတများစွာကို မြင်ခဲ့ရဖူးပြီး အလင်းရောက်များ မြင်ရခြင်းများလည်း ခြံထဲတွင် ကြုံဖူးသည်။

            သို့သော် ၎င်းတို့သည် သားဖြစ်သူ လောရင့်စ်နှင့် အတူ နေထိုင်လာခဲ့ပြီး မကြောက်ဘဲ နေထိုင်ခဲ့ကြောင်း ဆိုသည်။ “တချို့ နေ့တွေတော့ နည်းနည်း ထူးဆန်းတာပေါ့လေ။ ဒါပေမဲ့ တချို့ နေ့တွေမှာတော့ ဒီမှာနေလို့ ကောင်းပါတယ်”” ဟု ၄င်းက သရဲခြောက်ခြင်းများ အကြောင်း စိတ်ဝင်စားဖွယ် ဖြစ်အောင် လေ့လာ တင်ပြနေသည့် အစီအစဉ်နှင့် တွေ့ ဆုံမှုတွင် ပြောသည်။
            ““ကျွန်မတို့ ညီအစ်မတွေ အားလုံးရဲ့ဝိညာဉ်တွေ ဒီမှာ ရှိနေပါတယ်။ သူတို့ကတော့ အိမ်နဲ့မဆိုင်သလို ဖြစ်သွားပြီး တကယ်လည်း ဒီက ထွက်သွားရမှာကို ကြောက်ခဲ့ကြတယ်”” ဟု သူမက ဆိုသည်။
            အိမ်ရှင်များ ဖြစ်သည့် မစ္စအိုလစ်နှင့် ခင်ပွန်းသည် လောရင့်စ် တို့သည် ထိုအိမ်တွင် လေးနှစ်ခန့် နေထိုင်ခဲ့သည့် ဆိုဖီယာ ဆိုသည့် အမျိုးသမီး ၀ိညာဉ်က ၎င်းတို့ကို ထိုအိမ်တွင် အရင်က အိမ်ဖော်တစ်ဦး ဖြစ်ကြောင်း ပြောသည်ဟုလည်း ဆိုခဲ့သည်။
            အဆိုပါ နေအိမ် အကြောင်းကို အခြေခံ၍ ၂၀၁၂ ခုနှစ်တွင် Muir-house ဟူသော ရုပ်ရှင်ကား တစ်ခုကို ရိုက်ခဲ့ပြီး အချို့ကမူ မွန်တီခရစ် စတိုစံအိမ်မှာ သရဲမခြောက်ဘဲ ဟန်ဆောင် ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း ဝေဖန်သည်လည်း ရှိသည်။ သို့သော် လောရင့်စ်က “မယုံဘူးဆိုရင် ဒီအိမ်ကို လာလည်လိုက်ပါ။ အချိန် တစ်ပိုင်းလောက် နေကြည့်လိုက်ပါ” ဟု ဆိုထားသည်။
Source:Mirror
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...