Friday, May 19, 2017
ဂျပန်နိုင်ငံ မှ ကြောင်ကျွန်း
ဂျပန်နိုင်ငံ ရှိ အေရိုရှီးမား ( Aoshima ) ဟုအမည်ရသည့် ကျွန်းကလေးကို ကြောင်ကျွန်းဟု ခေါ်တွင်ကြပါသည်။ ကြောင်ကျွန်းဟု အမည်နှင့် လိုက်ဖက်အောင်ပင် ထိုကျွန်းကို ရောက်ရှိသွားပါက ကြောင်များကို နေရာအနှံ တွေ့မြင်ရမည် ဖြစ်ပါသည်။
ထို အေရိုရှီးမားကျွန်းကလေးသည် ငါးဖမ်းသမား နှင့် သက်ကြီးရွယ်အို အဖိုးအဖွားများသာ အများဆုံး နေထိုင်ကြပါသည်။ ကျွန်းအရွယ်အစား သေးငယ်သလို လူဦးရေနည်းပါးသဖြင့် လူခြောက်ဦးလျှင် ကြောင်တစ်ကောင်နှုန်း ရှိနေပြီး လွတ်လပ်စွား တိုးပွားနေကြပါသည်။
ထိုကျွန်းပေါ်တွင် ကြောင်များသည် လွတ်လပ်စွာ သွားလာနေထိုင်ကြပြီး အနှောင့်အယှက်လည်း မရှိကြပါ။ ကြောင်များ လွတ်လပ်စွာနေထိုင်နိုင်ရန် ခွေးလည်းမမွေးထားကြပါ။
ကျွန်းတစ်ကျွန်းလုံးတွင် ကြောင်ကောင်ရေ ၁၂၀ ကျော်ရှိနေပါသည်။ ကျွန်းပေါ်မှာ လူနေအိမ် အချို့ကလွဲရင် စားသောက်ဆိုင်၊ တည်းခိုခန်း စတာတွေမရှိဘဲ ကြောင်တွေကိုသာ တွေ့ရမှာ ဖြစ်ပါသည်။
ထိုကျွန်းမှ ဒေသခံ အများစုသည် ဒုတိယကမ္ဘာစစ်ပွဲပြီးနောက် ထိုကျွန်းမှ စွန့်ခွာသွားကြသဖြင့် လူဦးရေမှာ တဖြည်းဖြည်း နည်းလာရပြီး ကြောင်များသည်သာ တိုးပွားလာခြင်း ဖြစ်ပါသည်။
ယခုအခါတွင်တော့ ကြောင်ချစ်သူများသည် ထိုကျွန်းသို့ တကူးတကသွားရောက်တတ်ကြပါသည်။ ထိုကြောင်ကျွန်းသို့ စတင်ရောက်ရှိသည့် ဆိပ်ကမ်းရောက်သည်နှင့် ကြောင်များနှင့် ပတ်လည်ဝိုင်းကာ နေမည် ဖြစ်ပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...