Monday, October 16, 2017

ချစ်စရာကောင်းခြင်း၏ နောက်ကွယ်က အကြောင်းအရင်းကို တွေ့ရှိ


မျက်လုံးဝိုင်းဝိုင်း၊ အမွေးပွပွနှင့် ကြောင်ကလေးများ၊ ခွေးကလေးများ၊ သိုးငယ်လေးများနှင့် ပင်ဂွင်းလေးများကို မြင်သည့်အခါတွင် ချစ်စရာ ကောင်းသည်ဟု မပြောဘဲ မနေနိုင် ဖြစ်ကြရသည်။
          ယင်းတိရစ္ဆာန်လေးများ လူသားများ၏ နှလုံးသားကို အရည်ပျော်အောင် မည်သည့်နည်းဖြင့် လုပ်နိုင်သည်ကို How It Works မဂ္ဂဇင်းက လေ့လာပြီး တွေ့ရှိချက်များကို ဖော်ထုတ်တင်ပြလိုက်ပြီ ဖြစ်သည်။
          နို့တိုက် သတ္တ၀ါလေးများတွင် ချစ်စရာ ကောင်းသည် ဆိုသည့် လက္ခဏာလေးများ ရှိတတ်ကြသည်။ မျက်လုံးဝိုင်းဝိုင်း၊ ခေါင်းကြီးကြီး၊ ၀၀ဖိုင့်ဖိုင့်၊ အသားပျော့ပျော့လေး များမှာ ချစ်မွေးရှိသည် ထင်တတ်ကြသည့် လက္ခဏာများ ဖြစ်ကြကြောင်း မဂ္ဂဇင်းက ဆိုသည်။ ချစ်စရာ ကောင်းသည်ဆိုသည့် အရာတစ်ခုခုကို မြင်တွေ့ပြီးနောက်တွင် ယင်း အရာသည် လူ့ဦးနှောက်ရှိ မဲဆိုကော်တီ ကိုလမ်ဘစ်စနစ်ကို လှုံ့ဆော် ပေးတတ်သည်။ ယင်းနေရာသည် လှုံ့ဆော်မှုနှင့် ဆက်စပ်သော နေရာတစ်ခုဖြစ်သည်။
          ကလေးငယ်တစ်ဦးကို မြင်တွေ့ရပါက ဦးနှောက်သည် ကိုယ်ငယ်စဉ်ဘ၀က ပုံစံလေးကို သတိရစေကာ ဦးနှောက်တွင်းရှိ ဒိုဖာမင်း ဓာတ်ကို ထုတ်ပေးတတ်သည်။ ၄င်းဓာတ်မှာ ချစ်ကျွမ်းဝင်ရာတွင်လည်း ထုတ်ပေးတတ်သည့် ဓာတ်ဖြစ်ကာ ကောင်းမွန်သော ခံစားချက်ကို ဖြစ်စေပါသည်။
          ချစ်စရာကောင်းမှု အပေါ် သာယာခြင်းမှာ ဦးနှောက်တွင်းရှိ ဒိုဖာမင်းနှင့် အောက်ဇီတိုဆင်ဓာတ် ထွက်ရှိမှုနှင့်ဆိုင်ပြီး မဂ္ဂဇင်းအယ်ဒီတာ ဂျိုဒီတိုင်လေက ပြောဆိုခဲ့သည်။ ၄င်းဓာတ်များသည် လူမှုဆက်ဆံရေး၊ လူလူချင်းရင်းနှီးမှုနှင့် လိင်ဆက်ဆံမှု များအထိ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
Source:DM
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...