Friday, November 10, 2017

အာဖရိကတိုက် တစ်ခုလုံး လှည့်လည်သွားလာနေတဲ့ အဘိုးအို


အသက် (၆၉) နှစ် ရှိသွားပြီဖြစ်သော်လည်း အခက်ခဲဆုံး ခရီးလမ်းကို သွားလာနေသူက အသက် (၆၉) နှစ် အရွယ်ရှိ  ကင်စလေဟိုလ်ဂတ် ဖြစ်သည်။ ဟိုလ်ဂတ်သည် ပြီးခဲ့သည့်နှစ် (၄၀) ကျော် ကာလအတွင်း အာဖရိကတိုက် တစ်ခုလုံး သွားလာမူ ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း စွန့်စားမူများ ထပ်မံပြုလုပ်သွားဦးမည် ဖြစ်ကြောင်း သိရသည်။ ယခင်က ဟိုလ်ဂတ်သည် အာဖရိကတိုက်ရှိ (၅၄) နိုင်ငံ စလုံးကို သွားလာပြီး ဖြစ်သည်။ ယခုပြုလုပ်မည့် စွန့်စားမူက ပိုပြီး စိတ်လူပ်ရှားစရာ ကောင်းသည်။ အာဖရိကတိုက်၏ နှလုံးသား အလယ်ဗဟိုချက်အဖြစ် တင်စားထားသော နေရာသို့ သွားရောက်မည် ဖြစ်သည်။ ယင်းနေရာကို ရောက်ရှိရေးအတွက် ဟိုလ်ဂတ်အနေဖြင့် စိန်ခေါ်မူများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
      ယင်းခရီးစဉ်ကို တောင်အာဖရိက နိုင်ငံတွင် စတင်မည်ဖြစ်ပြီး ဘော့ဆွာနာ၊ ဇင်ဘွာဘွေ၊ ကွန်ဂိုစသည့် ဒေသများကို သွားရောက်မည်ဖြစ်ပြီး ကွန်ဂိုရှိ တောနက်ကြီးတွင် ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်သည်။ ယင်းနေရာကို သွားရောက်ရာတွင် ဟိုလ်ဂတ်အတွက် ယခင်ကထက် ခက်ခဲမူများ ပိုတွေ့ရမည် ဖြစ်သည်။ မြစ်များကို ဖြတ်သန်းရမည် ဖြစ်သောကြောင့် မိကျောင်းများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ဟိုလ်ဂတ်သည် ငှက်ဖျားရောဂါ ကြိမ်ဖန်များစွာ ဖြစ်ခဲ့သည်။ ထို့ပြင် ဒုက္ခမျိုးစုံကိုလည်း တွေ့ခဲ့ပြီး ဖြစ်သည်။ သို့သော် အာဖရိကတိုက်တွင် နှစ်ပေါင်း (၄၀) ကျော် ပျော်ရွှင်နေသောကြောင့် စွန့်စားမူများနှင့် အသားကျနေသည်။ ထို့ကြောင့် စွန့်စားသည့် ခရီးစဉ်ကို ထပ်မံသွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...