Saturday, August 25, 2018

ကမ္ဘာ့အကြီးဆုံးနှင့် အမြင့်ဆုံး ရှု့ခင်းကြည့် မှန်တံတားကြီး

မြင့်မားလှသည့် တောင်ကမ်းပါးယံမှ အရှေ့သို့ ထိုးထွက်နေသော မှန်သားတံတားအသစ်တစ်ခုကို ဇွန်လ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်မှာဖွင့်လှစ်ခဲ့ပါသည်။

ထိုတံတားကြီး တစ်ခုလုံးကို 4.5 cm အထူရှိသော အထူးပြုလုပ်ထားသည့် မှန်သားများဖြင့်သာ တည်ဆောက်ထားပါသည်။ ထိုမှန်တံတားကြီးသည် U ပုံစံ ရှု့ခင်းကြည့်လျောက်လမ်းအပါအဝင် အဝိုင်းပုံစံ ရှု့ခင်းကြည့်နေရာပါ ပေါင်းစပ်တည်ေောက်ထားပါသည်။ ထိုအမျိုးအစား မှန်တံတားကြီးများတွင် ကမ္ဘာ့အကြီးဆုံး နှင့် အမြင့်ဆုံးတည်ရှိသော မှန်တံတားကြီး ဖြစ်ပါသည်။

လျောက်လမ်းအရှည်အားဖြင့် 202 m အထိရှိပြီး တောင်ကမ်းပါးယံအစွန်းမှ လေထဲသို့ 72 m အထိထိုးထွက်တည်ရှိနေခြင်း ဖြစ်ပါသည်။ ရှု့ခင်းကြည့် အဝိုင်းပုံစံနေရာသည် အချင်း 16.8 m ရှိပါသည်။


အမြင့်ပေ ၉၈ဝ ရှိတဲ့ချောက်ကိုဖြတ်သန်းတည်ဆောက်ထားပြီး မှန်သား၏အလင်းပေါက်မှုမှာ ၉၉.၁၅ ရာခိုင်နှုန်းထိ ကြည်လင်ပါသည်။ လာရောက်လည်ပတ်သူတွေသည်  တံတားအောက်ရှိ ချောက်ကမ်းပါးရှုခင်းတွေကို ရင်သိမ့်တုန်အောင် ခံစားရမည် ဖြစ်သလို မီတာ ၁၃ဝ ကျော်မြင့်တဲ့ ရေတံခွန်ကြီးကိုလည်း လှမ်းမြင်ခံစားရအောင် စီစဉ်ထားခြင်း ဖြစ်ပါသည်။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...