Saturday, August 25, 2018

အသက် ၃၀ ပြည့်သည်အထိ အိမ်တွင် ကပ်နေနေသည့် သားကို မိဘများက တရားစွဲပြီး နှင်ထုတ်ရာ အမှုနိုင်



အမေရိကန်ပြည်ထောင်စု နယူးယောက်မှ မိဘနှစ်ပါးသည်
အိမ်တွင် ကပ်နေနေသည့် အသက် ၃၀ အရွယ် သားကို
တရားဝင် နှင်ထုတ်ခွင့်ရသွားပြီဖြစ်သည်။ တရားသူကြီးက မိုက်ကယ်
ရိုတန်ဒိုကို အိမ်ပေါ်မှ ဆင်းရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

သားဖြစ်သူက မိဘအိမ်တွင် နောက်ထပ်ခြောက်လ နေခွင့်ပေးပါရန်
တရားသူကြီးအား လျှောက်ထားခဲ့သော်လည်း တရားသူကြီးက ထိုတောင်းဆိုချက်သည် လက်ခံနိုင်စရာလုံးဝ မရှိသည့်တောင်းဆိုချက်ဟု ဆိုကာ ပယ်ချလိုက်
သည်။ “ပြင်ဆင်ချိန်လုံးဝ မပေးဘဲ အိမ်ပေါ်က ချက်ချင်းကြီး ဆင်းခိုင်းတာကတော့.လွန်လွန်းအားကြီးတယ်“ ဟု သားဖြစ်သူ မိုက်ကယ်ရိုတန်ဒိုက ဆိုသည်။

၎င်းသည် ရှေ့နေမငှားဘဲ မိဘများငှားထားသည့်ရှေ့နေကို ၄င်းဘာသာပင် ရင်ဆိုင်သည်။ မိဘများနှင့် စကားပြောရန်နှင့် အိမ်ပေါ်မှ အသာတကြည် ဆင်းသွားရန် တရားသူကြီးက ပြောသော်လည်း ၄င်းက လက်မခံပေ။

မိဘများက ၄င်းတို့သားကို အိမ်ပေါ်မှ အကြိမ်ကြိမ်နှင်ထုတ်နေသည်မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်ကတည်းက ဖြစ်သည်။ မိုက်ကယ်ရိုတန်ဒိုသည် အလုပ်အကိုင် မရှိသည့်အပြင် အိမ်အလုပ်ကိုလည်း တစ်ခါမှ ကူမလုပ်ခဲ့ဖူးဘဲ တစ်အိမ်တည်းနေ မိဘများနှင့်လည်း စကားမပြောပေ။ ၄င်းသည် အိမ်တွင် အိပ်ခန်းထဲတွင်သာ နေလေ့ရှိသည်။ မိဘများက ၄င်းတို့သား အိမ်ပေါ်မှ ဆင်းစေရန် ဒေါ်လာ ၁ ၁၀၀ လည်း ပေးခဲ့ဖူးသေးသည်။
(BBC, 24.5.18) ချယ်ရီ
Credit:Pyi Myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...