Saturday, August 25, 2018

ထူးထူးဆန်းဆန်း ပြုံုးပြလို့မရတဲ့ရောဂါကို ငယ်စဉ်ကတည်းက ခံစားနေရတဲ့အမျိုးသမီး


ရောဂါတွေကလည်း တစ်ခါတလေ ကိုယ်မကြားဖူးတာတွေ ကြားရပြန်တော့ ဟုတ်ကော ဟုတ်ပမလားလို့တောင် သံသယပွားစရာပါ။ ဒါပေမယ့် ထူးထွေဆန်းပြားတဲ့ရောဂါတွေဆိုတာ တကယ်လည်း ရှိနေပါတယ်။ အခုလည်း Cate Wallwork လို့ အမည်ရတဲ့ အသက်(၅၁)နှစ်အရွယ် အမျိုးသမီးဟာ တစ်စုံတစ်ယောကို ပြုံးပြလို့မရတဲ့ ရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။
တကယ်တော့ ဒီရောဂါက အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ယခင်က သူမကို ဒီရောဂါခံစားနေရမှန်းမသိတော့ လူတွေက သူမကို အသည်းတော်တော် မာတဲ့သူ အပြုံးလေးတစ်ချက်တောင် မပေးနိုင်ဘူးဆိုပြီး Cate ကို ဝေဖန်ခဲ့ကြပါတယ်။ Cate ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက မျက်နှာပြင် အကြောတွေ သေခဲ့ပါတယ်။
နောက်မှ Cate ခံစားနေရတဲ့ ရောဂါကို Melkersson-Rosenthal syndrome မှန်း စမ်းသပ်သိရှိခဲ့တာပါ။ MRS ရောဂါဟာ အလွန်ရှားပါးတဲ့ရောဂါဖြစ်ပြီး မျက်နှာပြင်ကြွက်သားတွေ သေနေတဲ့အတွက် ရယ်လိုတာတောင် ရယ်လို့မရတော့ပါဘူး။ Cate ဟာ ဒီအတိုင်း မပြုံးမရယ်နိုင်တာ အနှစ်(၃၀)ကျော်ခဲ့ပါတယ်။ Cate ဟာ သုံးနှစ်သမီးအရွယ်ကတည်းက ကြမ်းပြင်ပေါ်ကို မျက်နှာအပ်လျက် လဲကျခဲ့ဖူးပါတယ်။ ဒီကနေတစ်ဆင့် ဆေးအချိန်မီ ကုရမှန်းမသိလို့ မျက်နှာပြင်အကြောတွေ တဖြည်းဖြည်း သေဆုံးပြီးလိုက်လာတာကို ဘယ်သူမှ သတိမထားမိခဲ့ပါဘူး။ အသက်(၁၇)နှစ် မတိုင်ခင်မှာ သူမရဲ့ အပြုံးအရယ်ဟာ လုံးဝပျောက်ကွယ်သွားပါတော့တယ်။ လောလောဆယ်တော့ သူမရဲ့ရောဂါအခြေအနေတိုးတက်မှုက ကုသမှုခံယူနေလို့ တဖြည်းဖြည်း သက်သာလာပါပြီ။ Facial Palsy UK အဖွဲ့ကလည်း Cate လိုအဖြစ်မျိုး တစ်ခြားကလေးတွေ မခံစားရစေဖို့ ပညာပေးမှုတွေ အဆောတလျင် ပြုလုပ်နေပြီး အချိန်မီဆေးကုသမှုခံယူဖို့အတွက် လိုအပ်တယ်ဆိုတာကို မိဘတွေ သိထားဖို့လိုတယ်လို့ အကြံပေးထားပါတယ်။ Facial Palsy UK ရဲ့ ထုတ်ပြန်ချက်အရ ကလေးတွေ ဒီလိုဖြစ်ရခြင်းမှာ ဆေးကုသမှုကြန့်ကြာခြင်း၊ သို့မဟုတ် ဆေးကုသဖို့ အချိန်နှောင်းသွားခြင်း၊ လုံလောက်တဲ့စောင့်ရှောက်မှုမရခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့် မွေးကင်းစနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေမှာ ထူးခြားဖြစ်စဉ်ဖြစ်ခဲ့ပါက မိဘတွေ အမြန်သိဖို့လိုပြီး၊ လိုအပ်ပါက ဆေးကုသမှုအမြန် ခံယူဖို့ပြင်ဆင်သင့်ပါကြောင်း။
Credit:နတ်စည်တော် (Shwemom)
source : mirror.co.uk

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...