Saturday, August 25, 2018

နဂါးလေး ဘာကြောင့်သေ


Bruce Lee ဘရုစ်သည် ရုပ်ရှင် ထဲမှာသာ ဟန်ုပြ သရုပ်ဆောင်ပြီး ကျော်ကြားခဲ့သူ မဟုတ်ပါ ..တကယ် အပြင်မှာလည်း ပြိုင်ဘက်မရှိ  ကွန်ဖူး ပညာရှင် တဦးဖြစ်ပါတယ်။ သူ့ အစွမ်းပြသွားတဲ့ မှတ်တမ်း၊

https://web.facebook.com/DyAwesome/videos/270174870228392/

အမေရိကန်မှာမွေးပြီး ဟောင်ကောင်မှာ နံမည်ကျော်ခဲ့သူ မင်းသားဘရုစ်လီ အသက် ၃၂ နှစ် (၁၉ ၇၃ ဇူလိုင် ၂၀) ရက်နေ့ မှာ (မရဏဂိမ်း Game of Death.   ရုပ်ရှင် တ၀က်သာ ရိုက်ကူးပြီးနေချိန်ပါ၊) သူငယ်ချင်း ထိုင်ဝမ်မင်းသမီး Betty Ting(ယခုအသက် ၇၁နှစ်)  ရဲ့ နေအိမ်မှာ ရောက်နေတဲ့ အချိန် တဲ့၊  လီဟာ မရဏဂိမ်းဇတ်ဝင်ခန်းအတွက် မနက် လေးနာရီထိုးတဲ့အထိ ဆွေးနွေးနေတုန်း ခေါင်းတအားကိုက်တယ်ပြောလာလို့  မင်းသမီးက သူမသောက်နေကြ  အပြင်းစား အက်ပရင် aspirin  အကိုက်အခဲသက်သာတဲ့ ဆေး နဲ့  အိပ်ဆေးတမျိုး ပေး သောက်ပြီး လီဟာ  Epileptic seizure ဦးနှောက်ထိခိုက်(  နှလုံးခုန်ရပ် )သတိမေ့ရက်သွားလို့   ဆေးရုံတင်ခဲ့ပေမယ့်  သေဆုံးသွားခဲ့တယ်လို့  သူ့ အကြောင်းရေးထားတဲ့ သမိုင်းမှတ်တမ်းမှာ တွေ့ ရပါတယ်။
ထိုင်ဝမ်မင်းသမီး Betty Ting ရဲ့  ဖြေ ရှင်းချက် ရုပ်သံ
https://web.facebook.com/GrandmasterBruceLee/videos/1275087235969106/

သူသေဆုံးရတာနဲ့ ပါတ်သက်ပြီးဘရုစ်လီ ကို ထိုင်ဝမ် သရုပ်ဆောင်က ဆေးခတ်သတ်တာ...၊ တရုတ်အစိုးရရဲ့  လက်ချက်၊ သူကို မနာလိုဖြစ်နေတဲ့ ဟောင်ကောင် မာဖီးယားဂိုဏ်းတွေက လုပ်ကြံတာ စသဖြင့်  အပြင်လောကမှာ ကောလဟာရ
တွေအများကြီး ကျန်ရစ်ခဲ့တယ်။

သူသေဆုံးခဲ့ရတဲ့ အကြောင်းအရင်းအမှန်ကို လီရဲ့  မိသားစုဆရာဝန်၊ ဟောင်ကောင်ဆေးရုံ Queen Elizabeth Hospital. ရဲ့ သေတမ်းစာ သူမသေခင်ဖြစ်ခဲ့ပုံတွေကို လေ့လာမယ်ဆိုရင်..

လီဟာ ကျော်ကြားတဲ့ အနုပညာရှင်တဦးဖြစ်လာတဲ့အခါ မအိမ်မနေ အလုပ်တွေလုပ်ခဲ့တယ်၊ အဓိက သူ့ ကွန်ဖူးလေ့ကျင့်တဲ့အချိန် အင်အားကုန်သုံးတယ်၊  ရုပ်ရှင်ဇတ်ကားတွေမှာဆိုရင်  သဘာဝကျအောင် တကယ် အနာခံရိုက်ကူးခဲ့တာ ဒီဒဏ်တွေကို စုခံခဲ့ရတာပါ၊ သူဖြစ်လာတဲ့ရောဂါက  ခေါင်းမကြာခဏကိုက်တဲ့ ဖြစ်ရပ်ပါ၊

မသေဆုံးခင် လပိုင်း (မေလ ၁၀ )မှာ ရုပ်၇ှင်ရိုက်နေရင်း သတိမေ့လဲကျသွားလို့  ဟောင်ကောင်ဆေးရုံကို အရေးပေါ်တက်ရောက်ကုသခဲ့ရတယ် . လီရဲ့  ဦးနှောက်ကို ဓါတ်မှန်ရိုက်ကူးကြည့်တဲ့အခါမှာ ညာဘက်တခြမ်းမှာ အရည်ကြည်အိပ်လိုတွေရပြီး ဦးနှောက်ယောင်
နေတာတွေ့ ရတော့  အနားယူခိုင်းတာကို လီက  ပေါ့ပေါ့ဘဲနေလိုက်တယ်၊
သူမသေခင်နောက်ဆုံးရိုက်တဲ့ပုံတွေမှာ လီဟာ မျက်နှာတွေပြည့်ပြီး
ဖေါလာနေတာ  တွေ့ ရပါတယ်။
ဘရုစ်လီဟာ အမေရိကန်နိုင်ငံသူ linda Emery  လင်ဒါ အင်မရီ နဲ့ 
တရားဝင်လက်ထပ်ခဲ့ပြီး ခလေးနှစ်ဦး မွေးဖွားခဲ့ပါတယ်၊ သားဖြစ်သူ Brandon Lee သားဖြစ်သူ ဘရန်ဒန်လီ ဟာလည်း ရုပ်ရှင်ရိုက်နေ ရင်း   သေနတ်ကျည်ဆန်မှန်ပြီး သေဆုံးသွားခဲ့ပါတယ်။



Credit:SAW
Credit Bruce Lee

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...