Saturday, August 25, 2018

ကြွက်များကိုနှိမ်နင်းမည်ဟုတောင်ဂျော်ဂျီယာကြွေးကြော်


တောင်ဝင်ရိုးစွန်းဒေသအတွင်းမှာတည်ရှိသည့်တောင်ဂျော်ဂျီယာကျွန်းနိုင်ငံ လေးတွင်နှစ်ပေါင်း ၂၀၀ အတွင်း အကြီးမားဆုံးကြွက်နှိမ်နင်းရေးပွဲပြုလုပ်မည်ဟု တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း CGTN သတင်းအရသိရသည်။
တောင်ဂျော်ဂျီယာကျွန်းနိုင်ငံကို ၁၈ ရာစုခန့်ကအင်္ဂလိပ် စူးစမ်းရှာဖွေသူကပ္ပတိန်ဂျိမ်းကွတ်က စတင်ရှာဖွေတွေ့ရှိခဲ့ကာ ၎င်းတို့သည်ကြွက်များ၏ ကျူးကျော်မှုကို အပြင်းအထန်ခံစားခဲ့ရပြီး ၎င်းကြွက်များကထိုဒေသမှာရှိသည့်မြေတွင်အသိုက်ဆောက်လုပ်သောငှက်မျိုးစိတ်များ၏ ဥများနှင့်သားပေါက်များကို ရှာဖွေစားသုံးကြောင်းသိရသည်။
အတ္တလန်တစ်သမုဒ္ဒရာအတွင်းမှာတည်ရှိသည့်တောင်ဂျော်ဂျီယာကိုရှားပါးပင်လယ်ပျော်ငှက်များအသိုက်ဆောက်က်ရန်နှစ်စဉ်ပြန်လာကြပြီးကမ္ဘာပေါ်ကမည်သည့်နေရာတွင်မမှရှိသည့်ငှက်မျိုးစိတ်နှစ်ခုဖြစ်သည့် South Georgia pipit နဲ့ South Georgia pintail တို့မှာကြွက်များ၏ ရန်ကြောင့်မျိုးသုဉ်းပျောက်ကွယ် လုနီးဖြစ်နေသည်။
အဆိုပါကျွန်းနိုင်ငံလေးမှာပင်ဂွင်းငှက်များနှင့်တောင်ပိုင်းသမုဒ္ဒရာတွေမှာသာ တွေ့ရှိရသည့်ပင်လယ်စင်ရော်ငှက်များအဓိက ပေါက်ဖွားရာလည်းဖြစ် သည်။လက်ရှိတွင်ဒေသတွင်းကျက်စားသောငှက်ကောင်ရေမှာ၁၇၇၅ခုနှစ်တွင် ကပ္ပတိန်ဂျိမ်းကွတ်ရှာဖွေတွေ့ရှိခဲ့ပြီး အင်္ဂလန်နိုင်ငံ၏ ပင်လယ်ပြင်ဒေသအဖြစ် သတ်မှတ်ခဲ့ချိန်ကထက် အလွန်အမင်းကျဆင်းနေကြောင်းသိရသည်။
Ref:CGTN
CREDIT:The Standard Time Daily

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...