Saturday, August 25, 2018

ပဲရစ်မြို့ထဲလမ်းလျောက်ထွက်ခဲ့သည့် ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားများ

အရပ်မြင့်မားတဲ့ လူတစ်ဦး မြို့ထဲလမ်းလျောက်ထွက်တာ တွေ့မြင်နေကျ ဖြစ်တတ်ပေမယ့် ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားများ တစ်စုတစ်စည်းတည်း လူကြားထဲလမ်းလျောက်နေကြတာကတော့ တွေ့မြင်ရသူများအနေနဲ့ တအံ့တသြဖြစ်စေတာ အမှန်ပါ။

၂၀၁၈ ခု ဇွန်လ ၁ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ကမ္ဘာကျော်ပဲရစ်မြို့ကြီးရဲ့ Champs-Elysees လမ်းမတစ်လျောက် ကမ္ဘာ့အရပ်အမြင့်ဆုံး ပုဂ္ဂိုလ် ၁၂ ဦးဟာ စုစည်းလမ်းလျောက်ခဲ့ကြပါတယ်။ ကြိုတငိသိရှိခြင်း မရှိကြသည့် မြို့သူမြို့သားအများစုဟာ သူများတွေထက် သိသိသာသာ အရပ်မြင့်မားနေကြတဲ့ ထိုသူများကို တွေ့မြင်ကြချိန်တွင် တအံ့တသြ ဖြစ်ကြရပါတယ်။

ထိုသူများထဲတွင် အရှည်အမြင့် ၂ မီတာနဲ့ ၄၆ စင်တီမီတာအထိ ရှိတဲ့သူတစ်ဦးပါဝင်သလို အခြားတစ်ဦးဆိုရင် ဖိနပ်ဆိုဒ်က ၆၈ အထိ ရှိပါတယ်။ ထိုပုဂ္ဂိုလ်များထဲမှ တစ်ချို့ဆိုရင် မိမိတို့သတ်ဆိုင်ရာနယ်ပယ်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း တင်ထားနိုင်သူများ ပါဝင်နေပါတယ်။


ထို ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားများသည်  ပဲရစ်မြို့လမ်းမတစ်လျောက် လမ်းလျောက်ထွက်ရင်း အများပြည်သူနဲ့ အမှတ်တရဓာတ်ပုံရိုက်ခြင်း ၊ နှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့သလို General De Gaulle ရဲ့ရုပ်တုရှေ့တွင် စုစည်းကာ အမှတ်တရပုံများ ရိုက်ကူးခဲ့ကြပါတယ်။



သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...