
ကားလို့စ်ဆန်တာမာရီယာဒိုင်ယက်ဇ် ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်း သားလေးက မက္ကဆီကိုနိုင်ငံ၊ မက္ကဆီ ကိုမြို့ရဲ့ နာမည်ကျော်တက္ကသိုလ်ဖြစ်တဲ့National Autonomous Universityကို အသက်အငယ်ဆုံးနဲ့ဝင်ခွင့်အောင် မြင်ခဲ့ပါတယ်။ ဒီတက္ကသိုလ်ရဲ့သမိုင်းတစ် လျှောက်လုံးမှာ အသက်အငယ်ဆုံးနဲ့ ဝင် ခွင့်ရခဲ့တဲ့ ကျောင်းသားလည်းဖြစ်လာခဲ့ပြီး ဉာဏ်ကြီးရှင်ကျောင်းသားလေးအဖြစ် ချီး မွမ်းခံနေရပါတယ်။ ဇီဝဆေးသိပ္ပံရူပဗေဒ ဘာသာရပ်အထူးပြုနဲ့ တက္ကသိုလ်မှာ ပညာဆည်းပူးလေ့လာသွားမယ်လို့ သိရ ပါတယ်။ မက္ကဆီကိုနိုင်ငံ၊ ကွာဒါလာဂျာ ရာမြို့မှာ ပုဂ္ဂလိကကျောင်းတက်ရောက်ခဲ့ ပြီး သင်ယူရတဲ့ဘာသာရပ်တွေက ပျင်းရိ ငြီးငွေ့ဖွယ်ဖြစ်လာတဲ့အတွက် အွန်လိုင်း ဝက်ဘ်ဆိုက်တွေမှာ ကဲကုလစ်သင်္ချာနဲ့ ရူပဗေဒဘာသာရပ်တွေကို ကိုယ်ထူကိုယ် ထလေ့လာဖြစ်ခဲ့တဲ့အပြင် အသက်ကိုး နှစ်အရွယ်မှာတော့ စိတ်ဖြာလေ့လာမှု ဓာ တုဗေဒဘာသာရပ်၊ ဇီဝဓာတုနဲ့ ဇီဝဗေဒ ဘာသာရပ်တွေကိုလည်း တက္ကသိုလ်အစီ အစဉ်တွေနဲ့ ပါဝင်လေ့လာမှုပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဉာဏ်ကောင်းလွန်းတဲ့ ပညာ ပါရမီရင့်သန်သူကလေးငယ်ဖြစ်ပြီး တက္ကသိုလ်မှာ ပညာသင်ကြားဖို့အတွက် လည်း ကားလို့စ်လေးက စိတ်အားထက် သန်နေခဲ့တယ်လို့ ကားလို့စ်ရဲ့မိခင်အာစီ လီယာက ဆိုပါတယ်။ သားဖြစ်သူရဲ့ထူး ချွန်မှုအတွက် ဂုဏ်ယူဝမ်းမြောက်နေပါ တယ်လို့လည်း အာစီလီယာက ဆိုပါတယ်။ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကတော့ ကားလို့စ်ကို တက္ကသိုလ်ရဲ့အခြားသော ကျောင်းသားတွေနဲ့နည်းတူမခွဲခြားဘဲ ပညာသင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်း သားတွေတိုင်းရသင့်တဲ့ တန်းတူအခွင့်အရေးမျိုးသာပေးသွားမှာ ဖြစ်တယ်လို့ ပြော ကြားခဲ့ပါတယ်။
(DS, 6.8.18) သံသာ
PYI MYANMAR NEWS
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။