Thursday, September 20, 2018

၁၆ နှစ်သမီးအရွယ်တွင် ပေါင် ၂ သန်းထီဆုကြီး ပေါက်ခဲ့သော်လည်း ယင်းကြောင့်ပင် ဒုက္ခရောက်သွားခဲ့ရသူ


ဗြိတိန်တွင် မိန်းကလေးတစ်ဦးသည် ၁၆ နှစ်သမီးအရွယ်တွင်ပင် ပေါင် ၂ သန်း (ဒေါ်လာ ၂ ဒသမ ၆ သန်း) ထီဆုကြီး ပေါက်ခဲ့သဖြင့် ဗြိတိန်အငယ်ဆုံး ကံထူး ရှင်ဖြစ်ခဲ့သည်။ သို့သော် ၎င်းက ထိုငွေ များကို အလှအပခွဲစိတ်ပြုပြင်ရာတွင်၊ မူး ယစ်ဆေးဝါးသုံးစွဲရာတွင်၊ ပျော်ပါးရာတွင် အလျှံအပယ်သုံးစွဲခဲ့သဖြင့် နှစ်အနည်း ငယ်အကြာတွင်ပင် ထိုငွေများကုန်သွား တော့သည်။ ထို့ကြောင့် ထီထိုးရာတွင် အသက်ကန့်သတ်ထားသင့်ကြောင်း ယခုအ ချိန်တွင် အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ကယ်လီရော်ဂျာစ်က ဆိုသည်။

ထီဆုကြီး ပေါက်သဖြင့် လူပေါင်းများစွာက မိမိထံမှ ငွေချူစားကြသဖြင့် မိမိမှာ နောက်ဆုံးတွင် လူများကို မယုံရဲတော့ကြောင်း ၎င်းက ဖွင့် ဟသည်။ အပေါင်းအသင်းများကြား နာ မည်ကြီးလိုသည့်စိတ်ကလည်း ဆောင်နေ သဖြင့် ဘေးမှလူများပြောသမျှကို ယုံပြီး ထင်တိုင်းကြဲခဲ့မိကြောင်း ၎င်းက ပြောပြ သွားခဲ့သေးသည်။ ထိုငွေဖြင့် ရင်သားခွဲ စိတ်ပြုပြင်ခြင်း၊ နာမည်ကြီးအမှတ်တံဆိပ် အဝတ်အစားများ၊ လက်ကိုင်အိတ်များ၊ အသုံးအဆောင်များ ဝယ်ခြင်း၊ မိတ်ဆွေ အပေါင်းအသင်းနှင့် မိသားစုကိုလည်း လက်ဆောင်အကောင်းစားများ ဝယ်ပေး ခြင်း၊ ခရီးထွက်ခြင်းတို့ကြောင့် နောက်ဆုံး တွင် မိမိလက်ထဲ ငွေတစ်ပြားမှမကျန်တော့ ဟု ၎င်းက ဆိုသည်။
]ထီပေါက်တုန်းကသာ အဲဒီလောက်အသက်မငယ်ခဲ့ရင် ကျွန်မ ပိုက်ဆံတွေ အခုလို သဲထဲရေသွန်ဖြစ်မှာ မဟုတ်ဘူး}ဟု ၎င်းက ပြောကြားသည်။ ထီဆုကြီးပေါက်ပြီး မကြာမီတွင်ပင် ၎င်း သည် ရည်းစားရသွားကာ ရည်းစားသက် တမ်း နှစ်ပတ်မျှအကြာတွင် အိမ်တစ်လုံး ဝယ်လိုက်ပြီး ထိုရည်းစားနှင့်အတူနေခဲ့ သည်။ ယင်းရည်းစားနှင့်အတူနေသည့် ကာလတွင် ကိုကင်းလည်း စွဲသွားပြီး ထို့ အတွက်လည်း ငွေပုံအောသုံးခဲ့သည်ဟု ၎င်းက ဆိုသည်။ ယင်းရည်းစားနှင့်ပင် ကလေးနှစ်ဦးလည်း ရသွားခဲ့သည်။
Credit:pyimyanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...