
ရွှေဒင်္ဂါးပြားစစ်စစ်တွေနဲ့ ပြုလုပ် ဖန်တီးထားတဲ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့က ရွှေ ဒင်္ဂါးခရစ္စမတ်သစ်ပင်က ဥရောပရဲ့ တန်ဖိုးအကြီးဆုံး ခရစ္စမတ်သစ်ပင်ဖြစ် လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကို အစွဲပြုပြီး ရွှေဒင်္ဂါးပြား ၂၀၁၈ ပြားနဲ့ ပြုလုပ်ထားတဲ့ ရွှေ ရောင်တဖိတ်ဖိတ်တောက်နေတဲ့ ထူးခြားတဲ့ ခရစ္စမတ်သစ်ပင်ကြီးလည်း ဖြစ်ပါတယ်။ ယူရို ၂ ဒသမ ၃ သန်း (ဒေါ်လာ ၂ ဒသမ ၆ သန်းကျော်) တန်ကြေးရှိတဲ့ ခရစ္စမတ် သစ်ပင်ကြီးဖြစ်ပြီး မြူးနစ်မြို့က ထိပ်တန်း ရွှေဆိုင်ကြီးဖြစ်တဲ့ Pro Aurum မှာ ခင်း ကျင်းပြသထားတာဖြစ်ပါတယ်။ ရွှေတစ် အောင်စစီရှိတဲ့ ရွှေဒင်္ဂါးပြား ၂၀၁၈ ပြားနဲ့ ခရစ္စမတ်သစ်ပင်ပုံဖန်တီးပြုလုပ်ထားပြီး သစ်ပင်ရဲ့ထိပ်ဆုံးမှာတော့ ၂၀ အောင် စရှိတဲ့ ရွှေဒင်္ဂါးပြားကြီးပါရှိတဲ့ ကြယ်ပွင့်နဲ့ အလှဆင်မွမ်းမံထားခဲ့တယ်လို့ Pro Aurum ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘင်ဂျ မင်ဆမ်မာက ဆိုပါတယ်။ သစ်ပင်ကြီး တစ်ခုလုံးအတွက် ရွှေသားစင်စစ် ၆၃ ကီ လိုဂရမ်အသုံးပြုထားပြီး တန်ဖိုးအားဖြင့် ယူရို၂ ဒသမ ၃ သန်း (ဒေါ်လာ ၂ ဒသမ ၆ သန်းကျော်)ရှိတယ်လို့ ဘင်ဂျမင်က ဆိုပါတယ်။ အမြင့် ၉ ပေ ၈ လက်မရှိတဲ့ ဒီရွှေဒင်္ဂါးခရစ္စမတ်သစ်ပင်ကို ဩစတြီး ယားဒင်္ဂါးတိုက်နဲ့အတူပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပြီး ရွှေဒင်္ဂါးတွေကို ခရစ္စမတ် သစ်ပင်အဖြစ် ဆင်ယင်မှုအတွက် အချိန် တစ်နာရီကျော်ကြာမြင့်ခဲ့တယ်လို့ ဘင်ဂျ မင်က ဆိုပါတယ်။
(NTD, 15.12.18) သံသာ
Credit:Pyimyanmar news journal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။