
တရုတ်နိုင်ငံ အလယ်ပိုင်း အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်မရရှိတာကြောင့် ဘာများချွတ်ယွင်းနေသလဲဆိုပြီး ဆေးရုံသွားပြလိုက်ရာမှာ သူဟာ အမျိုးသမီးတစ်ဦးမဟုတ်ကြောင်း သိလိုက်ရတယ်လို့ The Global Post သတင်းစာက ဖော်ပြထားပါတယ်။ ဟူနန်ပြည်နယ် ရှန်တန်မြို့က ရှောင်ဟွေးဟာ မွေးကတည်းက အမျိုးသမီးအင်္ဂါရော၊ အမျိုးသားအင်္ဂါအတွင်းစနစ်တွေပါ ပါဝင်နေပြီ မသိခဲ့ပါဘူးတဲ့။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ရှောင်ဟွေးဟာ အမျိုးသမီးအဖြစ်ပဲ ခံယူခဲ့ပြီး ယခုမှသိရှိရတဲ့ အမျိုးသားကိုယ်တွင်းအင်္ဂါတွေကို ဖယ်ရှားလိုက်ပါပြီ။ အသက် ၁၅ နှစ်ကလည်း အမျိုးသမီး ရာသီပန်းမလာလို့ ဆရာဝန်တွေဆီကို ပြခဲ့ရသေးတယ်လို့ ရှောင်က ပြောကြားပါတယ်။ အဲဒီမှာ ဆရာဝန်တွေက အမျိုးသမီးဆေးတွေ ပေးခဲ့ပြီးနောက် အပြင်ပန်းမှာ သိသာပေါ်လွင်တဲ့ အမျိုးသမီးအင်္ဂါက ရာသီပန်း ပွင့်ခဲ့ပါတယ်။ ခင်ပွန်းရရှိနေပြီဖြစ်တဲ့ ရှောင်ဟာ ကလေးမရတာကြောင့် ဆေးရုံသွားပြတဲ့အခါ သူ့ဟော်မုန်း ခရိုမိုဆုမ်းတွေဟာ ယောက်ျားလေးရဲ့ XY တွေဖြစ်နေပြီး အမျိုးသမီးအင်္ဂါရှိသလို အတွင်းမှာလည်း ဝှေးစေ့ရှိသူဖြစ်နေပါသတဲ့။
Credit:The Voice Myanmar Journal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။