Saturday, February 23, 2019

ကမ္ဘာကျော်မင်းသမီးပုံများကို ကျော်ပြီးစံချိန်တင်သွားသည့် ကြက်ဥတစ်လုံးပုံ

     ဓာတ်ပုံများတင်တဲ့ Instagram မှာ Likes အရည်အတွက် သန်းချီရဖို့ဆိုတာ မလွယ်ပါဘူး။ ကမ္ဘာကျော် မင်းသား၊ မင်းသမီးများ ၊ အားကစားအကျော်အမော်များနဲ့ လှပတဲ့ရှု့ခင်းပုံများသာ likes သန်းချီရတတ်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ ကြက်ဥတစ်လုံးကိုသာ ရိုက်ထားတဲ့ပုံက နာမည်ကျော် မင်းသားမင်းသမီးပုံများကို ကျော်ဖြတ်ပြီး ကမ္ဘာ့စံချိန်တင် likes အရည်အတွက် ရရှိသွားခဲ့ပါတယ်။

     ယခင်ကနောက်ဆုံးစံချိန်တင်ထားတဲ့ Kylie Jenner ရဲ့ ပုံကို ကျော်ဖြတ်တာ စံချန်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ Instagram တွင် လူကြိုက်အများဆုံး၊ အကျော်ကြားဆုံးအဖြစ် ရပ်တည်နေခဲ့တဲ့ Kylie Jenner ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်လို့ လူအများ တအံ့တသြ ဖြစ်ခဲ့ရပါတယ်။

     Kylie Jenner နောက်ဆုံးစံချိန်တင်ထားသောပုံမှာ သူရဲ့သမီးလေးရဲ့ မွေးကင်းစပုံ ဖြစ်ပါတယ်။ အရင်ကလည်း ဘီယွန်းစေးရဲ့ ကိုယ်ဝန်ဆောင်ပုံကလည်း စံချန်တင် ခဲ့ဖူးပါတယ်။ ဒီလို ကျော်ကြားတဲ့ ပုံများရဲ့ စံချိန်များကို ကြက်ဥတစ်လုံးက ကျော်ဖြတ်သွားခဲ့ခြင်း ဖြစ်ပါတယ်။


     ဒီကြည်ဥပုံကို ဘယ်သူက တင်ခဲ့လည်းဆိုတာ အတိအကျ မသိရသေးပါဘူး။ တင်ခဲ့တာကတော့ world record egg ဆိုတဲ့ အကောင့်နာမည်နဲ့ တင်ခဲ့တာပါ။ စတင်တည်းက ကိုင်လီရဲ့ likes အများဆုံး စံချိန်ကို အတူတူ ကျော်ဖြတ်ပြီး မှတ်တမ်းသစ်တင်ကြရအောင်လို့ ရေးတင်ခဲ့တာပါ။ တကယ်လည်း ဇန်နဝါရီ ၁၄ ရက် ဂင်းနစ်ကမ္ဘာ့ မှတ်တမ်းတင်ချန်တွင် likes 26 225  469 နဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း like အရည်အတွက်များတိုးကာ သန်း ၄၀ လောက်အထိ ဖြစ်နေပြီလို့ ဆိုပါတယ်။

     ကိုင်လီအနေနဲ့ကတော့ ကြည်ဥတစ်လုံးက သူ့စံချိန်ကို ကျော်ဖြတ်သွားတာ ရင်ခံစရာပါ။ ဒါကြောင့်လည်း သူမက video file တစ်ခုကို ရိုက်တင်ပေးခဲ့ပါတယ်။ သူ့ video ထဲမှာ ကြည်ဥကို ခွဲပြခဲ့ပါတယ်။ ကြက်ဥကို ရှင်းပစ်လိုက်ပြီလို့လဲ စာရေးထားခဲ့ပါတယ်။ ဘာပဲပြောပြော ကြည်ဥတစ်လုံးက ရှုပ်ခဲ့တဲ့ဇာတ်လမ်းကတော့ စံချိန်မှတ်တမ်းတွေမှာရော ၊ ကမ္ဘာ့ မီဒီယာတွေပေါ်မှပါ အလုပ်ရှုပ်ခဲ့ရပါတော့တယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...