အဆောက်အဦပုံစံများကို သွားကြားထိုးတံများဖြင့်သာ တပ်ဆင်တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး သွားကြားထိုးတံ အဆောက်အဦများအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပါသည်။

နိုင်ငံပေါင်း ၃၇ နိင်ငံမှ ကျော်ကြားထင်ရှားသည့် အဆောက်အဦများ ၊ ရုပ်တုပုံစံများကို အမေရိကန်အနုပညာရှင် Stan Munro မှတည်ဆောက်ပြခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာကျော် အဆောက်အဦကြီးများရဲ့ပုံစံကို 1:164 အချိုးအစားဖြင့် ပုံတူဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ တည်ဆောက်နိုင်ရန် သွားကြားထိုးတံပေါင်း ၃ သန်းကျော် နှင့် ကော် ၇၅ ဂါလံ အသုံးပြုခဲ့ရပါသည်။ အချိန်အားဖြင့်လည်း ၁၀ နှစ်ကျော်ကြာအောင် တည်ဆောက်ခဲ့ရပါသည်။

များပြားလှသည့် အဆောက်အဦများတွင် Temple of Heaven (China), Arc de Triomphe (France), MI-6 Headquarters (England), Burj Khalifa (UAE), Djenne Mosque (Mali), La Sagrada Familia (Spain), The Parthenon (Greece), Taj Mahal (India) and the White House (USA) စသည့်ဖြင့် ကမ္ဘာကျော် အဆောက်အဦများ ပါဝင်ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံမှ 12 m [၃၉ ပေ ၄ လက်မ] ထိရှည်သော Golden Gate တံတားကြီးကိုလည်း လက်ရာမြောက်စွာ တည်ဆောက်ပြခဲ့ပါသည်။

ထို့ကြောင့်ပင် ထိုအဆောက်အဦများကို သွားကြားထိုးတံမြို့ကြီးအဖြစ် တင်စားခဲ့ကြပြီး ဂင်းနစ်ကမ္ဘာ့ မှတ်တမ်းတွင်လည်း ကမ္ဘာ့ အကြီးဆုံး သွားကြားထိုးတံများဖြင့် တည်ဆောက်ထားသော အဆောက်အဦများအဖြစ် မှတ်တမ်းတင်ခဲ့ကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။