Sunday, March 3, 2019
ကမ္ဘာတလွှား တောင်ပေါ်လမ်းများ
ကမ္ဘာတလွှားမှာရှိတဲ့ လှပပြီး အသဲယားစဖွယ်ကောင်းတဲ့တောင်ပေါ်လမ်းများကိုတင်ပြပါမယ်။
(၁)ကဲပထမဆုံးအနေနဲ့  လှပတဲ့လမ်းကလေးနဲ့ စလိုက်ရအောင်နော်...
ဒါကတော့ ပြင်သစ်နိုင်ငံ မှာရှိတဲ့ Colde Turini လမ်းပါ...
ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ဒီလမ်းလေးဟာ ပင်လယ်ပြင်အမှတ်ထက် (၁)မိုင်ကျော်မြင့်ပါတယ်...
ပြင်သစ်နိုင်ငံ မှာရှိတဲ့ Colde Turini လမ်း
(၂)နောက်တစ်လမ်းကတော့ အီတလီနိုင်ငံ မှာရှိတဲ့လှပတဲ့ တောင်ပေါ်လမ်းကလေး Stelvio Pass ပါ...
ပင်လယ်ပြင်အထက် ၁. ၇ မိုင်အမြင့်မှာရှိပါတယ်...
အီတလီနိုင်ငံ မှ တောင်ပေါ်လမ်းကလေး Stelvio Pass
(၃)India မှာရှိတဲ့ ကျောက်တောင်ကြားက Leh Manali Highway လမ်းမပါ...
      ပင်လယ်ပြင်အထက် ၂မိုင်မှ ၃မိုင်အထိ မြင့်ပါတယ်...
India မှ Leh Manali Highway လမ်းမ
India မှ Leh Manali Highway လမ်းမ
(၄)ဘိုလီဗီယားက သေမင်းတမန်လမ်းတဲ့ကွယ်...တကယ်ပါပဲနော်...
     တစ်နှစ်ကိုလူပေါင်း ၂၀၀ ၊ ၃၀၀ သေကြေတဲ့ဒီလမ်းကို သေမင်းတမန်လမ်းလို့ သတ်မှတ်ကြပါတယ်...
ဘိုလီဗီယားက သေမင်းတမန်လမ်း
(၅)ရုရှားနိုင်ငံ က Lena လမ်းမကလဲတစ်မျိုးဆန်နေပါတယ်...
ဒီလမ်းမကတော့ အနည်းဆုံးမိုင် ၆၀၀ လောက်ရှည်ပါတယ်။ ဒီလမ်းကတောင်ပေါ် ၊ တောင်ကြားတင်မကဘဲနှင်းပြင်ကိုပါ ဖြတ်သွားရပါတယ်။ တကယ်အေးတဲ့ ဇန်န၀ါရီ လဆိုရင် အပူချိန်ဟာ ( - 45ံF )အထိ ကျဆင်းတတ်ပါတယ်။
(၆)ရုရှား နဲ့ ဂျော်ဂျီယာ ကြားမှာရှိတဲ့အသဲထိပ်ဖွယ်တောင်ပေါ်လမ်းကိုဆက်ပြီးတင်ပြပါမယ်...
ဒီလမ်းကတော့ ဆောင်းတွင်းဘက် နှင်းကျချိန်ဆိုရင် ကားသွားရတာမလွယ်ပါဘူး။ ဒါပေမယ့်ဒီလမ်းမကိုပဲ
နှစ်နိုင်ငံ လုံးအတွက် အရေးပါနေပါတယ်.....
(၇)တရုတ်နိုင်ငံမှ Guoliang Tunnel Road ကစိတ်ကူးယဉ်ဆန်ပါတယ်။
တရုတ်နိုင်ငံမှ Guoliang Tunnel Road
တရုတ်နိုင်ငံမှ Guoliang Tunnel Road
တရုတ်နိုင်ငံမှ Guoliang Tunnel Road
(၈)ထိုင်ဝမ်မှ  Taroko Gorge Road လမ်းပါ။
ဒီလမ်းလဲ ဥမင်လှိုဏ်ခေါင်းလေးပါပါတယ်။ လည်ပတ်ချင်စဖွယ်ကောင်းလို့ လဲ ကမ္ဘာလှည့်ခရီးသွားတွေ ကိုဖိတ်ခေါ်တဲ့နေရာလေးပါ။
ထိုင်ဝမ်မှ  Taroko Gorge Road
(၉)အီတလီမြောက်ပိုင်းမှ Pasubio (Vicenza) လမ်းပါ။
ဒီလမ်းကတော့ရှေးဟောင်းတောလမ်းလေးပါ။ ဒီလမ်းဟာဆိုင်ကယ်နဲ့ ကားများအတွက် အကျိုးများမှုကိုတော့ ယုံမှားဖွယ်မရှိပါဘူး။ မတော်တဆမှုတွေ များစွာဖြစ်လောက်အောင်ကို လမ်းကကျဉ်းမြောင်းပြီး ချောပါတယ်။ ချောက်ကမ်းပါးများဟာလဲ ထူပြောလှပါတယ်။ ဒါပေမယ့် သဘာဝရှုခင်းတွေကတော့ ခရီးသွားတွေအတွက် ရင်သက်ရှုမောဖြစ်ကြရပါတယ်။
အီတလီမြောက်ပိုင်းမှ Pasubio (Vicenza) လမ်း
အီတလီမြောက်ပိုင်းမှ Pasubio (Vicenza) လမ်း
(၁၀)ဖိလစ်ပိုင် မှ Halsema လမ်းမပါဗျာ...
(၁၁)နော်ဝေ နိုင်ငံမှ မြွေလိမ်မြွေကောက် Trollstigen တောင်ပေါ်လမ်း
 တကယ်ကိုမြွေလိမ်မြွေကောက် လမ်းများစွာနဲ့ တည်ဆောက်ထားတာပါ။ ကြည့်ယုံနဲ့ တင်အသဲယားဖို့ ကောင်းတဲ့ လမ်းတစ်ခုပါဗျာ...
နော်ဝေ နိုင်ငံမှ Trollstigen တောင်ပေါ်လမ်း
6/2012မှ ပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...