Thursday, November 8, 2012

ငါးနှင့် အလား သဏ္ဌာန်တူ ခြေထောက် လေးချောင်းပါ သတ္တဝါ ၏ ဦးခေါင်းခွံ ရုပ်ကြွင်း တရုတ် နိုင်ငံတွင် တွေ့ရှိ



ပကျင်း အောက်တိုဘာ ၂၅
အစောပိုင်း မှတ်တမ်းများ အရ နှစ်ပေါင်း ၁ဝ သန်းခန့် သက်တမ်း ရှိသည်ဟု ယူဆ ရသော ငါးနှင့် အလား သဏ္ဌာန် တူ သည့် ခြေထောက် လေးချောင်းပါ ကျောရိုးရှိ သတ္တဝါ တစ်ကောင်၏ ဦးခေါင်းခွံ ရုပ်ကြွင်း တစ်ခုကို တရုတ် သိပံ္ပ ပညာရှင် များသည် နိုင်ငံ ၏ အနောက် တောင်ပိုင်း၌ တူးဖော် ရရှိ ခဲ့ကြောင်းကို အောက်တို ဘာ ၂၃  ရက်က ထုတ်ဝေသော "Nature Comm-  unications" ဂျာနယ်၏ ဖော်ပြချက်များ အရ သိရ သည်။

အဆိုပါ သတ္တဝါသည် ဖားများ၊ ပင်လယ် လိပ်များ၊ ငှက်များ၊ နို့တိုက် သတ္တဝါများ ကဲ့သို့ ကျောရိုးရှိ သတ္တဝါ ဖြစ်ပြီး ဆူးတောင် များနှင့် ခြေ လက် အင်္ဂါ အစုံ ပါဝင်ကြောင်း သိရသည်။
၎င်း သတ္တဝါ မျိုးစိတ် များသည် လွန်ခဲ့သော နှစ် သန်းပေါင်း ၃၇ဝ ခန့်က ကုန်းတွင်း ပိုင်းသို့ ရွှေ့ပြောင်းဝင် ရောက် လ ကြပြီး အစောပိုင်း ကာလ ကုန်းနေ ကျောရိုးရှိ သတ္တဝါ အဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ် လာသည်ဟု ယူဆ ရကြောင်း သိပ္ပံ ပညာရှင် များက ပြောကြား ခဲ့သည်။
၎င်း သတ္တဝါ မျိုးစိတ်များ၏ ရေယက်မှ ခြေလက် အင်္ဂါများ အထိ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် များကို တရုတ် သိပ္ပံ ပညာရှင် များက လေ့ လာမှု ပြုလုပ် ခဲ့ကြကြောင်း ဂျာနယ်တွင် ဖော်ပြ ထားသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...