Thursday, November 8, 2012

ကမ္ဘာ့ အသက် အကြီးဆုံး လူပုကလေး အဖြစ် ဂင်းနစ် မှတ်တမ်းဝင်ရန် အိန္ဒိယနိုင်ငံမှ အသက် ၁၁၃ နှစ် အရွယ်ရှိ အဘွားအို စောင့်ဆိုင်းနေ


 နယူးဒေလီ အောက်တိုဘာ ၂၆
အိန္ဒိယနိုင်ငံမှ အငြိမ်းစား အမျိုးသမီးကြီး တစ်ဦးဖြစ်သည့် ဇီးနတ်ဘီသည် ကမ္ဘာ့ အသက် အကြီးဆုံး လူပု အမျိုးသမီး အဖြစ် ဂင်းနစ် မှတ်တမ်းတင်ရန် ဂင်းနစ် အဖွဲ့၏ အဖြေကို စောင့်ဆိုင်း လျက်ရှိကြောင်း သိရသည်။

သူမ၏ နိုင်ငံသား မှတ်ပုံတင်တွင် သူမ၏ အသက်မှာ ၁ဝ၁ ဟု ဖော်ပြထား သော်လည်း မိမိသည် အသက် ၁၁၃ နှစ် ရှိပြီဖြစ်ကြောင်း သူမက အခိုင်အမာ ဆိုထားသည်။
လက်ရှိ ကမ္ဘာ့ အသက် အကြီးဆုံး လူပုကလေး အဖြစ် မှတ်တမ်းတင်ထား သူမှာ အသက် ၇၄ နှစ် အရွယ်ရှိ လိုဝယ်လ် ဒီဖောရတ်ထ် မာဆွန်ဆိုသူ ဖြစ်သည်။
လိုဝယ်လ်၏ စံချိန်ကို ချိုးဖျက်မည့် အဘွား ဇီးနတ်မှာ အရပ် ၃ ပေသာ ရှည်သည့် လူပုကလေး ဖြစ်ပြီး သူမသည် မကွယ်လွန်မီ ဘောလီးဝုဒ် အကျော် အမော် ဆယ်လ်မန်ခန်းနှင့် တွေ့ဆုံလိုပြီး မက်ကာမြို့သို့ သွားလိုသည့် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
မိမိသည် အသက်အရွယ် ရလာပြီ ဖြစ်ကြောင်း အသက် ရလာသည်နှင့် အမျှ မိမိ၏ နိုင်ငံသည် လည်း ဖွံ့ဖြိုးတိုးတက် လာခဲ့ပြီဖြစ်ကြောင်း၊ ယခင် ဗြိတိသျှတို့ အုပ်စိုးစဉ် အခါက နိုင်ငံသည် တော တစ်ခု ကဲ့သို့ ဖြစ်ခဲ့ပြီး ယခုအခါ လုံးဝကို ပြောင်းလဲ သွားပြီဟု ပြောကြားခဲ့သည်။
ဇီးနတ်သည် ဂူဂျာရက် ပြည်နယ်အမီတာဘတ် ခရိုင် ဘိုပါမြို့တွင် နေထိုင်သူ ဖြစ်ပြီး တစ်ကြိမ် တစ်ခါမှ လက်မထပ်ဖူး သေးဟု သိရသည်။ သူမသည် ကယ်ဆီယမ် မလုံလောက်မှုကို ခံစားရ သော်လည်း အငြိမ်းစား လစာ ရူပီး ၂၇၅ ဖြင့် ရပ်တည် နေထိုင် နိုင်ခဲ့သည်။
ဇီးနတ်က သူမတွင် အိပ်ရာ သေးသေးလေး တစ်ခုရှိကြောင်း၊ ၎င်း အိပ်ရာလေးကို ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အူမာဘာတီက လက်ဆောင်အဖြစ် ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် မိမိထံသို့ လစဉ် ရူပီး ၂၅ဝဝ ပေးပို့လေ့ ရှိကြောင်း ပြောကြားခဲ့သည်။
ဇီးနတ်အား ဂင်းနစ်စံချိန် တင်နိုင်ရန် အတွက် မည်သူကမှ မစောင့်ရှောက် ခဲ့ကြောင်း သူမ၏ အုပ်ထိန်းသူက ပြောကြားခဲ့သည်။ ဇီးနတ်ကို ၎င်းတို့ မိသားစုက မိခင် တစ်ဦးသဖွယ် စောင့်ရှောက် ထားသည်မှာ နှစ်ပေါင်း၂ဝ ကြာပြီ ဖြစ်ကြောင်း သူမကို မည်သည့် အလုပ်ကိုမှ မလုပ် စေခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သူမတွင် သွားသုံးချောင်းသာ ရှိတော့ကြောင်း ပြောကြားခဲ့သည့် အပြင် သူမသည် ဆယ်လ်န်မန် ခန်း၏ ပရိသတ် ဖြစ်ပြီး ၎င်း၏ ဇာတ်ကား မှန်သမျှကို မလွတ်တမ်း ကြည့်ရှု အားပေးခဲ့သူ ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...