Thursday, November 8, 2012

ဘာလီကျွန်းတွင် ရှာဖွေ တွေ့ရှိ ခဲ့သော အကြီးမားဆုံး ဟိန္ဒူဘုရား ကျောင်းကြီး


ဘာလီကျွန်း အောက်တိုဘာ ၂၈
အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှ ဆောက်လုပ်ရေး အလုပ်သမား များသည် အကြီးမားဆုံး ရှေး ဟောင်း ဟိန္ဒူ ဘုရား ကျောင်းကြီးကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ရှေးဟောင်း သုတေသန ပညာ ရှင်များက ပြောကြား ထားသည်။
အလုပ်သမား များသည် ဘာလီကျွန်း၏ မြို့တော် ဒန်ပါဆာရှိ ဟိန္ဒူ လေ့ကျင့်ရေး သင်တန်း ကျောင်း တစ်ခု ၌ ရေမြောင်း တစ်ခုအား တူးဖော်နေစဉ် အဆိုပါ ကျောက်သား ဘုရား ကျောင်း အား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် အဆိုပါ တွေ့ရှိချက်ကို ဘာလီကျွန်းရှိ ရှေးဟောင်း သုတေသန ဌာနသို့ အကြောင်းကြား ခဲ့ကြသည်။ အဆိုပါ ဘုရား ကျောင်း၏ အောက်ခြေ ဖွဲ့စည်း တည်ဆောက်ပုံ မှာ တောင့်တင်း ခိုင်မာမှု ရှိပြီး ၁၃ ရာစုနှင့် ၁၅ ရာစု ကြား ကာလခန့် အတွင်းက ဆောက်လုပ် ခဲ့သည်ဟု ယူဆ ရကြောင်း တူးဖော်ရေး အဖွဲ့က ပြောကြား ထားသည်။
အဆောက်အအုံ အောက်ခြေ၏ အရှေ့ဘက်တွင် တည်ဆောက် ထားသော အဆောင်မှာ မီတာ ၂ဝ ခန့် ရှည် လျားကြောင်း အဆိုပါ အဖွဲ့ ခေါင်းဆောင်က ဆက်လက် ပြောကြားခဲ့ သည်။
ကျော်ကြားသော အပန်းဖြေကျွန်း တစ်ကျွန်း ဖြစ်သည့် ဘာလီကျွန်းသည် အင်ဒိုနီးရှား နိုင်ငံ အတွင်းရှိ ဟိန္ဒူ ယဉ်ကျေးမှု အမွေ အနှစ်များ စုဝေးရာ နေရာ တစ်ခု ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...