Saturday, December 1, 2012

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး ယုန်


ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကြီးရဲ့ လက်ထဲက ယုန်ဟာ ၂၀၁၂ ခုနှစ် ဂင်းနစ် မှတ်တမ်းစာအုပ်ထဲမှာ ကမ္ဘာ့အကြီးဆုံး ယုန်အဖြစ် စံချိန်တင်ခဲ့ ပါတယ်။
ယုန်တင်မကပါဘူး။ ယုန်ပိုင်ရှင် အမျိုးသမီးကြီးကလည်း ကမ္ဘာ့အသက် အ
ကြီးဆုံး Page Three ဂျာနယ် ကာဗာမော်ဒယ် အဖြစ် ဂင်းနစ် မှတ်တမ်း တင်ထားပါတယ်။ Page Three ဆိုတာ ဗြိတိန်နိုင်ငံက ဖျောဖြေရေးဆန်ဆန် ဂျာနယ်စာစောင် တစ်ခု ဖြစ်ပါတယ်။
ယုန်ကတော့ ၄ ပေ ၄ လက်မ အရှည်ရှိပါတယ်။ အလေးချိန်ကလည်း ပေါင် ၅၀ နီးပါး ရှိပါတယ်။ တစ်ရက်ကို မုန်လာဥ ၁၂ လုံးမက စားနိုင်ပါတယ်။ အသက် ၃ နှစ်ပြည့်ပြီ ဖြစ်ပြီး ပိုင်ရှင်ရဲ့  အသက် ၆၀ ပြည့်မွေးနေ့နဲ့ အတူတူ ပဲ ဖြစ်ပါတယ်။ ယင်းယုန်ဟာ အသက် ၃ နှစ် ပြည့်သွားပေမယ့် အရွယ်ကြီးထွားမှု မရပ်တန့်ပဲ ဆက်လက် အသားတိုးနေဆဲ ကြောင်း သိရပါတယ်။
--
Ref: maiilonline
ref: facebook(international news for myanmar)မှတစ်ဆင့်

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...