Saturday, December 1, 2012

လမ်းလယ်ခေါ်တွင် မဖြိုပဲ ဆောက်ထားသောအိမ်


တကယ်မဖြိုပဲ ဒီတိုင်းထားထားတာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ အိမ်များ တရုတ်ပြည်မှာ ရေပန်းစားပါတယ်။ တရုတ် အစိုးရရဲ့ အိမ်ရာ သိမ်းဆည်းမှု မှာ အပါမခံပဲ ငြင်းဆန်တဲ့ ပြည်သူတို့ ကျန်ရှိတဲ့ အိမ် ဖြစ်ပါတယ်။ သူတို့ကို
Nail house လို့လည်း ခေါ်ပါတယ်။
ယခု မြင်တွေ့ရတာကတော့ တရုတ်နိုင်ငံ အရှေ့ ပိုင်း Zhejiang ပြည်နယ်၊ လူတစ်ထောင်ကျော် နေခဲ့တဲ့ Xiayangzhang ရွာမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ဖြစ်ပါတယ်။
လမ်းပန်း ဆက်သွယ်ရေး စီမံကိန်း သစ်ကြောင့် ရွာကို ဖျက်သိမ်းပြီး အရပ်သားများ ကို ရွှေ့ပြောင်းပေးလိုက် ရပါတယ်။ သို့ပေမယ့် မပြောင်းရွှေ့ ပဲ ငြင်းဆန်နေ ခဲ့တဲ့ အိမ်တစ်လုံး ဖြစ်ပါတယ်။ အိမ်ကလည်း ဟိုအရင်ကတည်း က ဆောက်ထား တာ ဖြစ်တဲ့အတွက် ဘူဒိုဇာနဲ့ လွယ်လွယ် ထိုးလို့ မပြိုပါဘူး။ ပိုင်ရှင်မိသားစု ကလည်း မဆင်းပါဘူး။ အစိုးရကပေးတဲ့ ငွေကြေးက အိမ်အသစ် တည်ဆောက်ဖို့ အတွက် မကာမိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် အမေရိကန်ဒေါ်လာ ၄၁၅၇၃ တန်ဖိုးရှိ တရုတ်ယွမ် ၂သိန်း၆သောင်း တောင်းဆိုထားပါတယ်။ လက်ရှိချိန်အထိ ယင်းအိမ်ကို မရောင်းချသေးပါဘူး။ လမ်းမပေါ် မောင်းနှင်တဲ့ ကားများအနေနဲ့ အိမ်ကို ဝင်တိုက်မယ့် အန္တရယ်ရှိတဲ့အတွက် သတိပေး ဆိုင်းဘုတ်များတောင် ထောင်ပေးထားရတယ်လို့ သိရပါတယ်။
---
Ref: chinanews 
ref: facebook(international news for myanmar)မှတစ်ဆင့်
..................................................................................................................
6.12.2012
ဒီသတင်း၏ အဆက်ကို ကျွန်တော်ကပဲဆက်တင်ပေးပါမယ်။
ဒီဇင်ဘာလ (၁)ရက်နေ့ မှာ အဆိုပါအိမ် လမ်းလယ်မှအိမ်ကြီးကို မြေတူးစက်နှင့်
ရှင်းလင်းဖယ်ရှားလိုက်ပါပြီ။ ထိုရှင်းလင်းမှုကို အာဏာပိုင်များမှ အတင်းအကျပ် 
ဖယ်ရှားခဲ့တာ မဟုတ်ပါ။ အိမ်ပိုင်ရှင်အား ဒေါ်လာငွေ လေးသောင်းပေးပြီး အိမ်ရှင်၏
သဘောတူညီမှုဖြင့် ဖယ်ရှားရှင်းလင်းပြီး အခုအခါ လမ်းမကြီးမှာ မည်သည့်အတားအဆီးမှ
မရှိတော့ပါ။    
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...