Monday, December 4, 2017

ကမ္ဘာ့အကြီးဆုံးနှင့် အကျယ်ဆုံးအဆောက်အဦးများ

ကမ္ဘာ့အကြီးဆုံးနှင့် အကျယ်ဆုံးအဆောက်အဦးများ အကြောင်းကို တင်ပြချင်ပါတယ်။
အရင်ကလည်းကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးများ  အကြောင်းကို တင်ပေးဖူးပါတယ်။
အခုဟာက အကြီးဆုံးနဲ့အကျယ်ဆုံး ဆိုတော့ လေယျာဉ်ကွင်းတွေ အဓိကပါပါတယ်။ အဆောက်အဦး၏ အောက်ခြေဧရိယာ ကျယ်ဝန်းမှု ပမာဏကို တိုင်းတာမှတ်တမ်းတင်ထားခြင်း ဖြစ်ပါတယ်။ လေယျာဉ်ကွင်းတွေအပြင် ဘယ်အဆောက်အဦ တွေပါသေးလည်း ဆိုတာဆက်လက်ကြည့်
လိုက်ကြပါအုံးနော်...
နေခရမ်းရဲ့ထုံးစံအတိုင်း (၁) မှ (၁၀)အထိရှာဖွေတင်ပေးလိုက်ပါတယ်...

(၁) New Century Global Center

တရုတ်နိုင်ငံ ၊ Chengdu တွင်တည်ရှိပြီး ၂၀၁၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ပြီးစီးဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အမြင့်အားဖြင့် ၁၀၀ မီတာ ( ၃၃၀ ပေ) ရှိပြီး အောက်ခြေ ဧရိယာအကျယ်အ၀န်းမှာ ၁ ၇၆၀ ၀၀၀ စတုရန်းမီတာ (၁၈ ၉၀၀ ၀၀၀ စတုရန်းပေ) အထိ ကျယ်ဝန်းပါသည်။

(၂) Dubai International Airport

ယခင်ကတော့ ကမ္ဘာ့အကြီးဆုံး အကျယ်ဆုံး အဆောက်အဦအဖြစ် စံချိန်တင်ထားသော်လည်း ယခု နံပါတ် (၂) ဖြစ်လာသည့် ဒူဘိုင်း မှာတည်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းပါ။ 1,713,000 m² (18 440 000 sq ft) အကျယ်ရှိပါတယ်။ လေယာဉ်ကွင်းမှာ ကားပါကင်ထိုးဖို့အတွက်တောင် ကားအစင်းရေ ၂၆၀၀ အတွက် အသင့်ရှိနေပါတယ်။
(၃) Abraj Al-Bait Towers

ဒီအကြောင်းကိုတော့  ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးများ မှာတင်ပေးပြီး
သားပါ။ ကမ္ဘာ့ အမြင့်ဆုံးစာရင်းဝင် အဆောက်အဦလည်း ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံ  Mecca မြို့မှာတည်ရှိပါတယ်။ 601 m (သို့)1,971 ပေမြင့်ပါတယ်။ ၁၂၀ ထပ် ရှိပါတယ်။ ၂၀၀၄ မှာ စတင်ခဲ့ပြီး ၂၀၁၂ မှာ တည်ဆောက်ပြီးခဲ့ပါတယ်။ ဒီအဆောက်အဦး ဟာ ကမ္ဘာ့အမြင့်ဆုံး နာရီစင် အဖြစ်မှတ်တမ်းဝင်ထားပါတယ်။ ကမ္ဘာ့အကြီးဆုံး နာရီမျက်နှာပြင် တည်ရှိရာလည်း ဖြစ်ပါတယ်။ ဟော်တယ်အဖြစ် ပေါင်းစပ်တည်ဆောက်ထားပါတယ်။ အကျယ်အ၀န်းကတော့ 1,575,815 m² (16 961 930 sq ft) ရှိပါတယ်။

(၄) CentralWorld

ထိုင်းနိုင်ငံ ဘန်ကောက်မှာတည်ရှိတဲ့ shopping plaza နှင့် complex တစ်ခုပါ။ 1,024,000 m² (11 020 000 sq ft) ကျယ်ပါတယ်။

(၅)  Aalsmeer Flower Auction

နယ်သာလန်နိုင်ငံ မှာတည်ရှိတဲ့ ပန်းဈေးတစ်ခုပေါ့။ တစ်ကမ္ဘာလုံးက ပန်းများ ရောင်းဝယ်ဖောက်ကားရာ နေရာတစ်ခုပါ။ ထို့ပြင် နယ်သာလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပန်းတင်ပို့ရောင်းချမှု အများဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ 990,000 m² (10 700 000 sq ft) ကျယ်ပါတယ်။

(၆) Beijing Capital International Airpor

ဘေဂျင်းမှာ တည်ရှိတဲ့ နိုင်ငံတကာလေယာဉ်ကွင်းတစ်ခုပါပဲ။ 986,000 m² (10 610 000 sq ft) ကျယ်ပါတယ်။ ဘေးဂျင်း အိုလံပစ် (၂၀၀၈) တုံးက တော်တော်အလုပ်ဖြစ်ခဲ့ပါတယ်။

(၇) The Venetian Macao

ယခုအခါ တရုတ်နိုင်ငံ ပိုင်နက်ထဲမှာ ပါဝင်တဲ့ မကာအိုမှာတည်ရှိတာပါ။ ဟိုတယ်နှင့် ကာစီနိုဝိုင်းများ ရှိရာ အဆောက်အဦပါ။အာရှ၏ Las-Vegas လို့တောင်ခေါ်ကြပါတယ်။တစ်နေရာထဲမှာ ဟော်တယ် ၊ စားသောက်ဆိုင်၊ ကာစီနိုလောင်းကစားဝိုင်းနှင့် ရှော့ပင်းစင်တာ များပါ ပါရှိပါတယ်။ 980,000 m² (10 500 000 sq ft) ကျယ်ပါတယ်။

(၈)  Sands Cotai Central

မကာအို မှာပဲ တည်ရှိပါတယ်။ ဟော်တယ်တစ်ခုပါပဲ။ အဆောက်အဦ မြင့်မြင့်များ စုပေါင်းတည်ရှိပါတယ်။ 11 April 2012 ကမှ ဖွင့်တာမို့လို့ တစ်ချို့စာရင်းများမှာ မတွေ့ရပါဘူး။ နေခရမ်းကတော့ တွဲပြီးတင်ပေးလိုက်ပါတယ်။ 890,000 m² (9 600 000 sq ft) ကျယ်ပါတယ်။

(၉) Ciputra World Surabaya

အင်ဒိုနီးရှားနိုင်ငံတွင် တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး complex အဆောက်အဦကြီးအဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ရှော့ပင်းမောကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထို complex အဆောက်အဦကြီးတွင် လူနေခန်းများ ၊ ဟော်တယ် ၊ ရှော့ပင်းမော နှင့် ရုံးခန်းများကို ပေါင်းစု ပါဝင်နေပါတယ်။ အကျယ်အ၀န်းအားဖြင့် 750,000 m² (8 100 000 sq ft) ရှပါတယ်။

(၁၀) Berjaya Times Square Kuala Lumpur

မလေးရှားနိုင်ငံ မှာတည်ရှိပါတယ်။ တာဝါ နှစ်ခုတွဲပါ။ hotel, condominium နှင့် shopping centre complex တို့ကိုတွဲထားပါတယ်။ 700,000 m² (7 500 000 sq ft) ကျယ်ပါတယ်။

သူငယ်ချင်းများအတွက် ယခင် Apr 19, 2013 ကတင်ပေးဖူးတဲ့ ပိုစ့်အဟောင်းလေးကို နောက်ပိုင်း ဆက်လက် ဆောက်လုပ်ပြီးစီးတဲ့ အဆောက်အဦများကို ထပ်မံဖြည့်ပြင်ဆင်ကာ တင်ပေးလိုက်ပါတယ်။ စံချိန်မှတ်တမ်းများဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲတင်ရှိနေကြလို့ ယခုမှတ်တမ်းများဟာလည်း နောင်တစ်ချိန်မှာ ပြောင်းလဲရအုံးမှာ အမှန်ပါ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...