
လန်ဒန် မေ ၂
ရှေးဟောင်း သုတေသန ပညာရှင်များသည် ကမ္ဘာ့
ရှေးအကျဆုံးဟု ယူဆရသော နှစ်ပေါင်း ၂၂ဝ သက်တမ်းရှိ မီးရထား
ဥမင်လိုဏ်ခေါင်းတစ်ခုကို အင်္ဂလန်နိုင်ငံ ဒါဘီ ရှိုင်းယားပြည်နယ်
ခရစ်ခ်ျဒေသရှိ ကျောက်ပုံ ဥယျာဉ်၏ မြေအောက် အနက် ၁ဝ ပေတွင် ရှာဖွေ
တွေ့ရှိခဲ့ကြောင်း သိရသည်။
Fritchley Tunnel အမည်ရှိ အဆိုပါ
သမိုင်းဝင် ဥမင်လိုဏ် ခေါင်းသည် ၁၇၉၃ ခုနှစ် အတွင်းက တည်ဆောက်
ခဲ့ဖွယ်ရှိပြီး ယခင်က မှတ်တမ်းတင်သော ကမ္ဘာ့ ရှေးအကျဆုံး ဥမင်လိုဏ်ခေါင်းထက်
နှစ်နှစ် စောကြောင်းနှင့် အဆိုပါ ဥမင်လိုဏ်ခေါင်းကို မီးရထားလမ်းနှင့်
ချိတ်ဆက်၍ သံထည် အလုပ်ရုံသို့ ထုံးကျောက်များ ပို့ဆောင်ရာတွင်
စက်မှုလုပ်ငန်း ရှင်များက အသုံးပြုခဲ့သည်။
အဆိုပါ မြေကွက်အား ယခင်က
ပိုင်ဆိုင်ခဲ့သည့် မြေပိုင်ရှင်က ကျောက်ပုံဥယျာဉ် တည်ဆောက်ရန် အတွက် ၁၉၇၇
ခုနှစ်က ယင်းဥမင် လိုဏ်ခေါင်းကို ရောင်းချခဲ့သည့် အချိန်မှစ၍ ဥမင်
လိုဏ်ခေါင်း မှာ ပျောက်ကွယ် ခဲ့ရခြင်းဖြစ်သည်။
အသက် ၅၅ နှစ်အရွယ်ရှိ ဂျွန်မစ်ဂလေးဆိုသူ
လက်ရှိ မြေပိုင်ရှင်နှင့် ရှေးဟောင်း သုတေသနပညာရှင်များ အကြား ဆွေးနွေးပွဲ
ပြုလုပ်ပြီးနောက် အဆိုပါ မြေအား တူးဖော်မှုများ ပြုလုပ် ရန်
ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည်။
၁၈ မီတာ အရှည်ရှိသော အဆိုပါ ရထားလမ်း
ဥမင်လိုဏ်ခေါင်းကို ပြန်လည်ဖွင့်ရန် အတွက် ဇန်နဝါရီလ မှစ၍ စက်ယန္တရား
ကြီးများ အသုံးပြု၍ တူးဖော် မှုများကို လုပ်ဆောင်ခဲ့သည်။
အဆိုပါ ဥမင်လိုဏ်ခေါင်းကို ဒေသတွင်း
အင်ဂျင်နီယာ ကုမ္ပဏီကြီး တစ်ခု ဖြစ်သော The Buttlerley ကုမ္ပဏီက ၁၇၉၃ ခုနှစ်က
တည်ဆောက်ခဲ့သော မြင်းကောင်ရေအားသုံး မီးရထားလမ်း Butterley Gangroad နှင့်
ချိတ်ဆက် အသုံးပြု ခဲ့သည်။
အဆိုပါ မီးရထား ဥမင်လိုဏ်ခေါင်း
အတွင်းပိုင်းကို 3D ပုံစံ ဖန်တီးရန် အတွက် လေဆာ အသုံးပြု၍ စကန်ဖတ်ခြင်းကို
Lottery၏ ထောက်ပံ့မှုဖြင့် စတာလင်ပေါင် ၁၇၉ဝဝဝ အကုန် အကျခံ ပြုလုပ်
သွားမည်ဖြစ်သည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာတွင် လုပ်ငန်းများ
ပြီးစီးခဲ့ပါက အနာဂတ်မျိုး ဆက်သစ်များအတွက် ယင်းဥမင်လိုဏ် ခေါင်းကို တစ်ဖန်
ကာကွယ်စောင့်ရှောက် ရန်အတွက် စီမံကိန်း အဖွဲ့က ထိန်း သိမ်း
စောင့်ရှောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ref:မြ၀တီ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။