Monday, May 6, 2013

အင်းဆက် တစ်ကောင်ကဲ့သို့ ပျံသန်းနိုင်သော ကမ္ဘာ့ အသေးဆုံး စက်ရုပ်


ဝါရှင်တန် မေ ၅
အမေရိကန် သုတေသန ပညာရှင် များသည် နေရာ တကာတွင် တွေ့ရသော အင်းဆက်များ ကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိသော ယင်ကောင် တစ်ကောင်ခန့် အရွယ်အစား ရှိပြီး  ပျံသန်းနိုင်သည့် ကမ္ဘာ့ အသေးဆုံး စက်ရုပ် အင်းဆက်ကို မေ ၂ ရက်က ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။
ပထမဆုံး အကြိမ်အဖြစ် ထုတ်လုပ်ထားသော အဆိုပါ စက်ရုပ် အင်းဆက်သည်    သုတေသန ပညာရှင် များအား အသေးစား အင်းဆက်များ၏ ပျံသန်းမှုကို လေ့လာရန် အတွက်  နည်းလမ်းသစ် များကို ထောက်ပံ့လျက် ရှိကြောင်း သိပ္ပံ ပညာရပ် ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှု အရ သိရသည်။

အဆိုပါ စက်ရုပ်သည် မီလီဂရမ် ၈၀ သာ အရွယ်အစား ရှိပြီး စက္ကူ ညှပ်ကလစ် တစ်ခု၏ ထက်ဝက်ခန့် အရွယ်အစား ရှိကြောင်းနှင့် မြင်နိုင်စွမ်း မရှိသည့် အလွန် ပါးလွှာသော တောင်ပံနှစ်ခု ပါရှိပြီး တစ်စက္ကန့်လျှင် အကြိမ် ၁၂၀ ပျံသန်းနိုင်သည့် အပြင် ပျက်ကျခြင်း မရှိဘဲ စက္ကန့် ၂၀ ကျော်ကြာ ပျံသန်းနိုင်သည်။
အဆိုပါ ပျံသန်းနိုင်သော အင်းဆက် အရွယ်အစားရှိ စက်ရုပ်၏ အောင်မြင်စွာ သရုပ်ပြ ပျံသန်း နိုင်မှုသည် ဟားဗက် တက္ကသိုလ်ရှိ Wyss ဇီဝဗေဒ ဆိုင်ရာ နည်းပညာ ဌာနနှင့် စက်မှုအတတ် ပညာနှင့် သိပ္ပံ ပညာရပ် အသုံးချမှု ဆိုင်ရာ ဟားဗက် တက္ကသိုလ် (SEAS) တို့မှ သုတေသန ပညာရှင်များ ဦးဆောင် ပြုလုပ်သည့် ဆယ်စုနှစ် တစ်ခုကျော်ကြာ လုပ်ဆောင်မှု၏ ရလဒ်ဖြစ်သည်။ 
အဆိုပါ စက်ရုပ် အင်းဆက်သည် ပျံသန်းနေစဉ် လျှပ်စစ်စွမ်းအင် ၁၉ မီလီ ၀ပ်ခန့် သုံးစွဲကြောင်း သိရသည်။
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...