Thursday, April 20, 2017
ဆဌမအာရုံဖြစ်ရပ်ဆန်းများ( ၅ )
ကျွန်တော်အရင်ပိုစ့်မှာ ကြိုရေးထားသလိုပဲဒီတစ်ခါ
မှာတော့ ကိုးကွယ်ယုံကြည်မှု ၊ ရိုးရာယုံကြည်မှု
တို့ ကြောင့်ဖြစ်ပေါ်လာသော သဘာဝလွန်ဖြစ်ရပ်
များအကြောင်းကို တင်ပြပေးပါမယ်။အနီးစပ်ဆုံးပြ
ရလျှင် ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေးပွဲတော်
မီနင်းပွဲများဖြစ်ပါတယ်။
တစ်ခုတင်ပြချင်တာက မီးနင်းပွဲဆိုတိုင်း ဟိန္ဒူဘာသာ
ဝင်မျိုးနွယ်များမဟုတ်ပါဘူး။ကျွန်တော်သိသလောက်
ဆိုရင် ထိုင်းနိုင်ငံ ဖူးခက်တွင် ဗုဒ္ဓဘာသာဝင်များ၏
ပွဲတော်တစ်ခုဖြစ်ပြီး ၊ ဖီဂျီကျွန်းပေါ်တွင်လည်းဋ္ဌာနေ
တိုင်းရင်းသားများ၏ မီနင်းပွဲဆိုတာရှိပါတယ်။
ထို့ပြင် အရှေ့တိုင်မှာဆိုလျှင် တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံ
တို့တွင်လည်း သူတို့၏ ရိုးရာအလျောက် မီးနင်းပွဲများ
ရှိကြောင်း မှတ်သားရဖူးပါတယ်။
ဒီအကြောင်းတွေကို နောက်ပိုင်းဆက်လက်တင်ပေး
ပါမယ်။
(ထိုင်းနိုင်ငံ ၊ ဖူးခက်မှ မီးနင်းပွဲ)
မီနင်းပွဲများဟာ သက်ဆိုင်ရာမျိုးနွယ်တို့ ၏ဘာသာရေး
ယုံကြည်မှုကို အဓိကအခြေခံပါတယ်။ မိမိတို့ ကိုးကွယ်
ရာ ဘုရား| နတ်တို့ ၏တန်ခိုးစွမ်းအားများကြောင့်လို့ 
ယုံကြည်လက်ခံကြပါတယ်။
ဒါပေမယ့် အနောက်တိုင်းစိတ်ပညာရှင်များကတော့
မမြင်နိုင်တဲ့ စိတ်၏အစွှမ်းသတ္တိများကြောင့်လို့ 
ကောက်ချက်ချ ကြပါတယ်။မိမိ၏စိတ်ကို စနစ်တကျ
အသုံးချ ပါက သဘာဝလွန်အစွမ်းသတ္တိ များရရှိစေနိုင်
ကြောင်းဆိုကြပါတယ်။ ဒါတွေအငြင်းမပွားလိုသလို
အမှန်ကိုသက်သေပြဖို့ လည်းမလွယ်ပါဘူး။သေချာတာ
ကတော့ ဒီလိုမီးနင်းပွဲများတွင် သံချောင်းအချွန်များဖြင့်
ခန္ဓာကိုယ်အား ထိုးစိုက်ခြင်း ၊ ဓားပေါ်နင်းပြခုန်ပြခြင်းစသည်
ကျွန်တော်အနီးကပ်ကြည့်ဖူးသလောက်ကတော့ သံချွန်များ
ဆွဲနှုတ်ချိန်တွင်လည်းအနည်းငယ် တွန့် သွားသော်လည်း
ပါ။သွေးလည်း မထွက်သလို အမာရွတ်အနာလည်းမဖြစ်ပေါ်
ပါဘူး။မီနင်းရာတွင်လည်းနင်းသူတော့ မသိပေမယ့် ကြည့်သူ
ကတော့ အပူရှိန်ကို သိသိသာသာ ခံစားရပါတယ်။ကျွန်တော်
ကတော့ ဟိန္ဒူမီနင်းပွဲများသာ နီးစပ်လို့ မြင်ဖူးတာပါ။
(ထိုင်းနိုင်ငံ ၊ ဖူးခက်မှ မီးနင်းပွဲ) 
မီးနင်းပွဲမှာပါဝင်သူများဟာ ပွဲတော်မတိုင်မှီကတည်းကဥပုတ်
စောင့်ခြင်း သက်သက်လွတ်စားခြင်းစသည်ဖြင့် မိမိတို့ ဓလေ့
ထုံးစံအလိုက် စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုတွေပြုလုပ်
ကြရပါတယ်။တစ်ခါတရံ နိုင်ငံခြားသားများကိုယ်တိုင်ဝင်ရောက်
မီးနင်းကြပေမယ့် ပူလောင်မှုကိုမခံစားကြရပါ။သူငယ်ချင်းတို့ 
လည်းကိုယ်တိုင်လေ့လာနိုင်ပါတယ်ဗျာ။
ထိုင်းနိုင်ငံ ၊ ဖူးခက် က ဗုဒ္ဓဘာသာဝင်များ၏ သက်သက်လွတ်ပွဲတော်
မီးနင်းပွဲအကြောင်းဆက်ကြည့်လိုက်ပါအုံးနော်……
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မှာ သက်သက်လွတ်စားသူတွေရဲ့
နှစ်ပတ်လည် အစီအစဉ်တစ်ခုပါ။ ဗုဒ္ဓဘာသာကို ကိုးကွယ်
ယုံကြည်သူတွေအနေနဲ့ ကံကောင်းမှုတွေ ဖြစ်ပေါ်စေပြီး
မကောင်းမှု အကုသိုလ်တွေသန့် စင်စေရန်ကျင်းပလေ့ရှိတဲ့
သဘာဝလွန် အစွမ်းသတ္တိများကိုမြင်ကြရပါတယ်။
ထိုဖူးခက်မှ ပွဲတော်တွင် ကြည့်ရမှာပင် မရဲလောက်အောင်
သံချောင်း ၊ သံချွန် ၊ ဓါးများ ၊ သေနတ်များ နှင့် အခြားကြီးမားသော
လက်နက်ပစ္စည်းများကို ပါးများ ၊ ခန္ဓာကိုယ်များတွင် ထိုးသွင်း
ကာ လှည့်လည်လေ့ရှိကြပါတယ်။ ဒီပိုစ့်မှာတော့ ပုံများကို
ပြည့်စုံအောင် မတင်ပေးတော့ပါဘူး။ GOOGLE မှာရှာကြည့်လျှင်
အများအပြား တွေ့နိုင်ပါတယ်။
နောက်ထပ် ဂျပန်နိုင်ငံ မှ မီးနင်းပွဲအကြောင်း တင်ပြပေးချင်ပါတယ်။
ဂျပန်နိုင်ငံတွင်လည်း နှစ်စဉ်အောက်တိုဘာ ၂၀ ရက်နေ့၌
ရှင်တိုဘာသာဝင်များရဲ့ ပွဲတော်တစ်ခုကို ကျင်းပလေ့ ရှိကြပါတယ်။
ထိုပွဲတော်တွင် မီးနင်းခြင်းဓလေ့ကိုလည်း ထည့်သွင်း ကျင်းပ
ကြပါတယ်။ရှင်တိုဘာသာဝင်များအနေဖြင့် ယုံယုံကြည်ကြည်ဖြင့်
ရှေးရိုးရာအ၀တ်အစားများ ၀တ်ကာ ပါဝင်ဆင်နွဲမီးနင်းကြလေ့ ရှိပါတယ်။
အထူးတလည် နှစ်များစွာလေ့ကျင့်ထားခြင်းမျိုးမဟုတ်ပါပဲ
ကိုးကွယ်ယုံကြည်မှု အခြေခံကာတွေ့ မြင်ကြရသည့်အဖြစ်များပါ။
နောက်ထပ်ပိုစ့်များတွင်လည်း ဖျီဂျီမှ မီးနင်းသူများအကြောင်နှင့်
အာဖရိက ၊ နိုင်ဂျီရီးယားမှ ရိုးရာဓလေ့များအကြောင်းကိုတင်ပေး
ပါအုံးမည်။
May 3, 2013 မှပိုစ့်အား ပြန်လည် ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...