Thursday, April 20, 2017
ကမ္ဘာ့အရှည်လျားဆုံးလှိုဏ်ဂူကြီးများ
နေခရမ်းဆိုဒ်ထဲမှာ လှိုဏ်ဂူကြီးတွေအကြောင်း တော်တော်များများ။တင်ပေးဖူးပါတယ်။
အခုကတော့ ကမ္ဘာ့အရှည်လျားဆုံးလှိုဏ်ဂူကြီးများ (၁) မှ (၁၀) အထိ တင်ပြပေးပါမယ်။
ထို့အပြင် ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီး နှင့် ကမ္ဘာ့အကြီးဆုံး ရေခဲလှိုဏ်ဂူကြီး အကြေင်းကိုပါ စုစည်း တင်ပေးလိုက်ပါတယ်။ အားပေးကြပါအုံးနော်...
(၁) Mammoth Cave
ဒီအရှည်ဆုံးဆိုတဲ့လှိုဏ်ဂူကြီး ကတော့ အမေရိကန်နိုင်ငံ
Kentucky ဒေသမှာပါ။ 651.8 km (405.0မိုင်) အထိရှည်လျားပါတယ်။
မြေအောက်အနက် ၄၀၇ ပေ မှာ တည်ရှိနေခြင်း ဖြစ်ပါသည်။
အတွင်းပိုင်းလှိုဏ်ဂူဖွဲ့စည်းပုံမှာ အလွန်ရှုပ်ထွေးပြီး လှိုဏ်ဂူခွဲများ ၊
အထပ်များ များစွာ တည်ရှိနေသော လှိုဏ်ဂူကြီး ဖြစ်ပါသည်။
၁၇၉၁ ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။
ဒီနေရာကို July 1, 1941 မှာအမျိုးသားဥယျာဉ်အဖြစ်သက်မှတ်ခဲ့ပြီး
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုပါ။ 
ရှုပ်ထွေးလှသော Mammoth လှိုဏ်ဂူကြီး အတွင်းပိုင်း ဖွဲ့စည်းပုံပါ။
ဒီ လှိုဏ်ဂူကြီးအကြောင်းကို သီးခြားတင်ပေးဖူးပါတယ်။
ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
(၂) Sistema Sac Actun
ဒါကတော့ ဒုတိယအရှည်ဆုံးဖြစ်ပြီး ကမ္ဘာ့မြေအောက်ရေ ရှိသော လှိုဏ်ဂူကြီးများ
တွင် တော့ ကမ္ဘာ့အရှည်ဆုံးအဖြစ် မှတ်တမ်းဝင်ပါတယ်။
မက္ကဆီကိုနိုင်ငံ Quintana Roo တွင်တည်ရှိပြီး 335.0 km (208.2 မိုင် )ရှည်ပါတယ်။
မြေအောက်အနက် ၃၃၂ ပေ မှာ တည်ရှိနေခြင်း ဖြစ်ပါသည်။
၁၉၈၇ ခုနှစ်က စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။
ရှုပ်ထွေးလှသော Sistema Sac Actun လှိုဏ်ဂူကြီး အတွင်းပိုင်း ဖွဲ့စည်းပုံပါ။
(၃) Jewel Cave
(Jewel Cave)ကတော့အမေရိကန်နိုင်ငံ တောင်ဒါကိုတာ မှာတည်ရှိပါတယ်။
မြေအောက်အနက် ၇၂၃ ပေ မှာ တည်ရှိနေခြင်း ဖြစ်ပါသည်။
၁၉၀၀ ခုနှစ်က စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။
ရှုပ်ထွေးလှသော Jewel လှိုဏ်ဂူကြီး အတွင်းပိုင်း ဖွဲ့စည်းပုံပါ။
ဒီအကြောင်းကို
ဒီနေရာတွင် ကြည့်နိုင်ပါသည်။
(၄) Sistema Ox Bel Ha
မက္ကဆီကိုနိုင်ငံ Quintana Roo တွင် တည်ရှိပြီး 257.1 km (159.8 မိုင် )
ရှည်လျားပါတယ်။ ၁၉၉၆ တွင် စတင်တွေ့ရှိခဲ့ကြပါတယ်။
မြေအောက်အနက် ၁၁၄ ပေ မှာ တည်ရှိနေခြင်း ဖြစ်ပါသည်။
ရှုပ်ထွေးလှသော Sistema Ox Bel Ha လှိုဏ်ဂူကြီး အတွင်းပိုင်း ဖွဲ့စည်းပုံပါ။
(၅) Optymistychna
ယူကရိန်းနိုင်ငံ Ternopil တွဘင်တည်ရှိပြီး 236.0 km (146.6 မိုင် )ရှည်ပါတယ်။
1966 ထဲကတွေ့ရှိခဲ့ကြပါတယ်။
မြေအောက်အနက် ၄၉ ပေ မှာ တည်ရှိနေခြင်း ဖြစ်ပါသည်။
(၆) Wind Cave
ဒီနေရာသည်လည်း  အမေရိကန်နိုင်ငံ တောင်ဒါကိုတာ မှာတည်ရှိပါတယ်။
229.7 km (142.7 မိုင် )ရှည်ပြီး ၁၈၈၁ ခုထဲက တွေ့ရှိခဲ့ကြပါတယ်။
မြေအောက်အနက် ၆၃၆ ပေ မှာ တည်ရှိနေခြင်း ဖြစ်ပါသည်။
ရှုပ်ထွေးလှသော Wind လှိုဏ်ဂူကြီး အတွင်းပိုင်း ဖွဲ့စည်းပုံပါ။
(၇) Lechuguilla Cave 
အမေရိကန်နိုင်ငံ New Mexico တွင်တည်ရှိပြီး 222.6 km (138.3 မိုင် )
ရှည်ပါတယ်။  1900 တွင်တွေ့ရှိခဲ့ကြပါတယ်။
မြေအောက်အနက် ၁၆၀၄ ပေ မှာ တည်ရှိနေခြင်း ဖြစ်ပါသည်။
ရှုပ်ထွေးလှသော Lechuguilla လှိုဏ်ဂူကြီး အတွင်းပိုင်း ဖွဲ့စည်းပုံပါ။
(၈) The Clearwater System (Gua Air Jernih)  
မလေးရှား နိုင်ငံ Sarawak တွင်တည်ရှိပါတယ်။ 215.3 km (133.8 မိုင်)ရှည်ပါတယ်။
1978 တွင်တွေ့ရှိခဲ့ကြပါတယ်။ မြေအောက်အနက် ၁၁၆၅ ပေ မှာ တည်ရှိနေခြင်း ဖြစ်ပါသည်။
ရှုပ်ထွေးလှသော The Clearwater System လှိုဏ်ဂူကြီး အတွင်းပိုင်း ဖွဲ့စည်းပုံပါ။
(၉) Fisher Ridge Cave System
အမေရိကန်နိုင်ငံ Kentucky တွင်တည်ရှိပြီး ကမ္ဘာ့အရှည်လျားဆုံးလှိုဏ်ဂူကြီး
Mammoth Cave ၏ အမျိုးသားဥယျာဉ်ထဲတွင် ပါဝင်ပါတယ်။
200.5 km (124.6  မိုင် ) ရှည်ပြီး 1981 တွင် တွေ့ရှိခဲ့ကြပါတယ်။
မြေအောက်အနက် ၃၅၆ ပေ မှာ တည်ရှိနေခြင်း ဖြစ်ပါသည်။
(၁၀) Hoelloch
ဆွစ်ဇာလန်နိုင်ငံ Schwyz တွင်တည်ရှိပြီး 200.4 km (124.5 မိုင်) ရှည်ပါတယ်။
1875 တွင်တွေ့ရှိခဲ့ကြပါတယ်။ မြေအောက်အနက် ၃၀၇၉ ပေ မှာ တည်ရှိနေခြင်း ဖြစ်ပါသည်။
ရှုပ်ထွေးလှသော Hoelloch လှိုဏ်ဂူကြီး အတွင်းပိုင်း ဖွဲ့စည်းပုံပါ။
Son Doong cave 
အခုတင်ပြမှာကတော့ ကမ္ဘာ့အကြီးဆုံး ဟု နောက်ဆုံး သတ်မှတ်ထားကြသော
ဗီယက်နန်နိုင်ငံ မှ Son Doong cave အကြောင်းတင်ပြချင်ပါတယ်။
200 meters မြင့်ပြီး 150 meters အထိ ကျယ်ပါတယ်။
ခန့်မှန်းချေအားဖြင့် ပေ 30,000 လောက်ရှည်မည်ဟု ခန့်မှန်းကြပြီး
မြေအောက်မြစ် တည်ရှိသော လှိုဏ်ဂူကြီးတစ်ခုပါ။
အတွင်းပိုင်း၌ ကြီးမားကျယ်ပြန့်လှသဖြင့် ကိုယ်ပိုင်ရာသီဥတုစနစ်မျိုးကဲ့သို့ ဖြစ်ပေါ်နေကာ တောတောင် စိမ့်စမ်းများ ၊ မိုးတိမ်ပုံစံ မြူခိုးများ နှင့် အလွန်ပင် လှပသည့် လှိုဏ်ဂူကြီး ဖြစ်ပါသည်။
Son Doong cave လှိုဏ်ဂူကြီး အတွင်းပိုင်း ဖွဲ့စည်းပုံပါ။
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt ) 
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt ) သည် Austria နိုင်ငံ Werfen မှာ
တည်ရှိပါတယ်။ ဂျာမန်တွေကတော့ ဒီနေရာကို ရေခဲဘီလူးများကမ္ဘာလို့ခေါ်ကြပါတယ်။
42 ကီလိုမီတာ ရှိပြီး Hochkogel တောင်အထဲမှာတည်ရှိတာပါ။
ဒီအကြောင်းကို နေခရမ်း Page မှာ သီးခြားတင်ပေးထားဖူးပါတယ်။
ဒီအကြောင်းကို 
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt ) တွင်ကြည့်နိုင်ပါသည်။
သူငယ်ချင်းတို့အတွက် ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ကြိုးစား စုစည်းပေးလိုက်ပါတယ်။
လိုအပ်ချက်များရှိလျှင် ခွင့်လွှတ်ကြပါလို့တောင်းပန်ရင်း...
Sep 9, 2013 မှ ပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...