Saturday, June 29, 2013

ပြင်သစ်နိုင်ငံတွင် သမီးဖြစ်သူ ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဖြေဆိုခဲ့သော မိခင် ဖမ်းဆီးခံရ


ပဲရစ်   ဇွန်  ၂၂
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆယ်ကျော်သက် အရွယ် သမီးဖြစ်သူ ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဝင်ရောက် ဖြေဆိုခဲ့သော အသက် ၅၂ နှစ်အရွယ် ရှိ မိခင်ဖြစ်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ဂျင်းဘောင်း ဘီတိုနှင့် ဘွတ်ဖိနပ်များ ဝတ်ဆင်၍ အသက် ၁၉ နှစ်အရွယ်ရှိ သမီးဖြစ်သူ လီတီတီဘာအဖြစ် ဟန်ဆောင်ကာ အင်္ဂလိပ် စာမေးပွဲ ဖြေဆိုရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
အင်္ဂလိပ် စာမေးပွဲ မဖြေခင် နှစ်ရက်က ဒဿနိကဗေဒ စာမေးပွဲ ဖြေစဉ် အချိန်တွင် သမီးဖြစ်သူကို  မြင်တွေ့ဖူးသော စာမေးပွဲ စောင့်သူက ၄င်းအား သတိပြု မိသွားခဲ့သော်လည်း အခြား ကျောင်းသားများကို စိတ်အနှောင့်အယှက် မဖြစ်လိုသည့် အတွက် စာမေးပွဲခန်း အတွင်းမှ မောင်းထုတ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
သို့ရာတွင် သူမ စာမေးပွဲ ဖြေပြီးမှသာ အရပ်ဝတ်  ရဲများ စာမေးပွဲ အခန်းပြင်ပသို့  ရောက်ရှိလာပြီး စောင့်ဆိုင်းလျက် သူမအား ဖမ်းဆီးခဲ့သည်။ အဆိုပါ အမျိုးသမီး၏ အမည်မှာ ကာရိုလိုင်းဒီ ဖြစ်ကြောင်းနှင့် သူမအနေဖြင့် သမီးဖြစ်သူကို ရလဒ်ကောင်းများ ရလိုသည့် ဆန္ဒရှိသည့် အတွက် ယခုကဲ့သို့  ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု   ဝန်ခံခဲ့ ကြောင်း  ပြင်သစ် မီဒီယာတစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်။
သမီးဖြစ်သူသည် တက္ကသိုလ်တက် ရောက်ရန် အတွက် အင်္ဂလိပ် စာမေးပွဲ အောင်မြင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...