Saturday, June 29, 2013

ကောက်ရခဲ့သည့် ကျောက်တုံးကြီး နှစ် ဘီလီယံ ပေါင်းများစွာ သက်တမ်း ရှိသည့် ရှားပါး ဥက္ကာခဲ တစ်ခုဖြစ်


အာလင်တန်   ဇွန်  ၂၄
အမေရိကန် ပြည်ထောင်စု မင်နီဆို တာပြည်နယ် အာလင်တန်မြို့မှ ဘရူ့စ်   လေလန်ဟယ် အမည်ရှိ  လယ်သမားတစ်ဦးသည်  လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကောက်ရခဲ့သော ကျောက်တုံးအား  
မည်သည့် အရာ ဝတ္ထုမှန်း နားမလည်သည့်အတွက် မင်နီဆိုတာ တက္ကသိုလ်မှ   ဥက္ကာခဲ ပြတိုက်မှူးထံသို့ သွားရောက် ပြသခဲ့သည်။
နှစ်ပေါင်းများစွာကြာ လေ၊ ရေနှင့် ရာသီဥတုဒဏ်ကို ခံထားရသည့် ယင်းဥက္ကာခဲကို ဘရူ့စ်သည် ဇနီးဖြစ်သူနှင့် အတူ ၎င်း၏ လယ်မြေအတွင်းမှ တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် ၎င်းကျောက်တုံးကြီးမှာ မည်သည့်အရာဖြစ်ကြောင်း နားမလည်ခဲ့သော်လည်း  ဥက္ကာခဲတစ်ခုဟု ထင်မြင် ယူဆသည့်အတွက် ဥက္ကာခဲဆိုင်ရာ ကျွမ်းကျင်သူ ကေဗင် အလက်ဇန္ဒားထံ သို့ သွားရောက် ပြသခဲ့သည်။
၎င်းကျောက်တုံးသည် ဘီလီယံပေါင်းများစွာ သက်တမ်းရှိ ဥက္ကာခဲတစ်ခု ဖြစ်ကြောင်း ကေဗင်က အတည်ပြု ပြောကြားခဲ့သည်။ ပါမောက္ခကေဗင် သည် ယခင်က ကျောက် တုံး ၅ဝဝဝ နီးပါးကို စစ်ဆေးခဲ့သော်လည်း ဥက္ကာခဲ အဖြစ် အသိအမှတ်ပြုနိုင်သည့် ကျောက် တုံးများကို တွေ့ရှိခဲ့ခြင်းမရှိပေ။
ယခုတွေ့ရှိသော ဥက္ကာခဲသည် တစ်မူထူးခြားသော ပုံစံရှိကြောင်း ဥက္ကာခဲ ကောက်ရသူ   လယ်သမားဘရူ့စ်က ထပ်လောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...