Saturday, June 29, 2013

ဦးခေါင်း အနီရောင်ရှိသည့် ငှက်မျိုးစိတ် သစ်တစ်မျိုး ဖနောင်ပင် မြို့တွင် တွေ့ရှိ


ဖနောင်ပင်  ဇွန်  ၂၆
ဦးခေါင်း အနီရောင်ရှိပြီး အသံကျယ်လောင်စွာ အော်တတ်သည့် ငှက်မျိုးစိတ် သစ်တစ်မျိုးကို လူနေ ခေါင်းပါးလှသည့် တောနက်ထဲတွင် သာမက လူများစွာ နေထိုင်သည့် ဖနောင်ပင် မြို့တော်တွင်း၌
လည်း တွေ့ရှိခဲ့ရကြောင်း ကမ္ဘောဒီးယား နိုင်ငံ၏ တောရိုင်း တိရစ္ဆာန်များ   ထိန်းသိမ်းရေး အဖွဲ့ (WCS) က ဇွန် ၂၆ ရက်တွင် ပြောကြားသည်။
ထင်ရှားသည့် အမွေးအတောင် ပါရှိပြီး Orthotomus Chaktomuk အမည်ရှိ အဆိုပါ   ငှက်မျိုးစိတ် သစ်များသည် အရွယ်အစားအားဖြင့် နှံစုတ်ငှက်၏ အရွယ်အစား မျှသာရှိပြီး အနက်ရောင် လည်ပင်းရှိသော ငှက်မျိုးစိတ် တစ်မျိုးဖြစ်သည်။ ၎င်းငှက်မျိုးစိတ်သည် ကမ္ဘောဒီးယား နိုင်ငံ၌သာ တွေ့မြင်ရသည့် ငှက်မျိုးစိတ် နှစ်ခုအနက်မှ တစ်ခု ဖြစ်သည်ဟု သိရသည်။ ယခုကဲ့သို့ ငှက်မျိုးစိတ်သစ်ကို တောနက်ထဲတွင် သာမက လူနေထူထပ်သည့် နေရာ၌လည်း တွေ့မြင်ရခြင်းသည် မိမိတို့ ရင်းနှီး ကျွမ်းဝင်သည့် နေရာများနှင့် မမျှော်လင့်သည့် နေရာများတွင် ငှက်မျိုးစိတ် သစ်များစွာကို တွေ့ရှိနိုင်ကြောင်း ပြသ နေသည်ဟု (WCS) အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ရှီမွန်မာဟွတ်ဒ်က ပြောကြားခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...