Saturday, June 29, 2013

ကမ္ဘာကျော် Grand Canyon ချောက်ကမ်းပါးအား ကြိုးတန်းပေါ်တွင် အောင်မြင်စွာ လမ်းလျှောက် ပြနိုင်ခဲ့သည့် နစ်ဝေါ လန်ဒါ


ဝါရှင်တန် ဇွန် ၂၄
နစ်ဝေါလန်ဒါ အမည်ရှိ ကျွမ်းဘား ကစားသမား တစ်ဦးသည် ဇွန် ၂၃ ရက်က အမေရိကန် ပြည်ထောင်စုရှိ  နာမည်ကျော် Grand Canyon ချောက်အပေါ်မှ အန္တရာယ် ကင်းရှင်းရေး အထောက်အကူပြု ပစ္စည်းများ မပါဘဲ ကြိုးတန်းပေါ်တွင် အောင်မြင်စွာ လမ်းလျှောက် ပြနိုင်ခဲ့ကြောင်း သိရသည်။
ကောင်းကင်လမ်းလျှောက်သမားဟု ၎င်းကိုယ်၎င်း အမည်ပေးထားသော နစ်ဝေါလန်ဒါသည် အကွာအဝေး ၄၂၆ ဒသမ ၇မီတာရှိသော Little Colorado မြစ်ကိုဖြတ်၍ ကြိုးတန်းပေါ်မှ လမ်းလျှောက် ပြသ ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရင်သပ် ရှုမောဖွယ် ပြကွက်အား တစ်ကမ္ဘာလုံးမှ ပရိသတ်များ ကြည့်ရှုနိုင်ရန်အတွက် Discovery ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့် ပြသ ခဲ့သည်။
Grand Canyon ချောက်ကို လမ်းလျှောက်ပြသရာတွင် ၅ စင်တီမီတာ အထူရှိ ကေဘယ်လ် ကြိုးအား အသုံးပြုခဲ့သော် လည်း  ဘေးအန္တရာယ် ကင်းရှင်းစေရန် သိုင်းကြိုးကိုမူ  ဝတ်ဆင်ခဲ့ခြင်း မရှိဟု သိ ရသည်။
ဝေါလန်ဒါသည် Flying Wallendas ကျွမ်းဘား မိသားစုမှ သတ္တမမြောက် မျိုးဆက်ဖြစ်ပြီး အသက်နှစ်နှစ် အရွယ်မှ စတင်၍ ၂ ပေ အမြင့်ရှိ ကြိုးတန်းပေါ် တွင် စတင်လမ်းလျှောက် ခဲ့သည်ဟု သိရ သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...